ယနေ့ Thursday, 26th December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

မောင်တောမှာ ARSA အကြမ်းဖက်အဖွဲ့တွေ ခိုအောင်းအထိုင်ချနေ ပြီး မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်ဒေသရဲ့ စိန်ခေါ်ချက်အသစ် ဖြစ်နေတယ်လို့ AA ဝန်ခံ

မောင်တောမှာ ARSA အကြမ်းဖက်အဖွဲ့တွေ ခိုအောင်းအထိုင်ချနေ ပြီး မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်ဒေသရဲ့ စိန်ခေါ်ချက်အသစ် ဖြစ်နေတယ်လို့ AA ဝန်ခံ

လေးဝတီFM

ရခိုင်ဒေသကို စစ်ကောင်စီလက်အောက်က လွတ်မြောက်ရေး အတွက် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေချိန်မှာ ရိုဟင်ဂျာအကြမ်းဖက် လက်နက်ကိုင်အုပ်စုတချို့ဟာ မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်က မောင်တောမြို့ထဲနဲ့ မြို့ဝန်းကျင်မှာ အခိုင်အမာအထိုင်ချနေပြီး ဒီကိစ္စဟာ အာရက္ခတပ်တော် အတွက် စိန်ခေါ်ချက်အသစ်ဖြစ်တယ်လို့ အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်တဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

မောင်တောမြို့ ကို မြို့သိမ်းတိုက်ပွဲဆင်နွဲနေတာမှန်ပေမယ့်လည်း စစ်ကောင်စီရဲ့ နခခ(၅) စခန်း က နေ စစ်ကောင်စီတပ်သား တွေဟာ ခုခံနေဆဲဖြစ်ပါတယ်။

အဲ့ဒီလိုပဲ စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ARSA /RSO/ARA အစရှိတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေဟာ မောင်တောမြို့ ထဲမှာ ခြေကုတ်ယူပြီး ‌စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်နေတာ လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အဲ့ဒီအဖွဲ့တွေဟာ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ အရပ်သားတွေကို လုယက်တိုက်ခိုက်တာတွေ ကို ပြုလုပ်နေပြီး ဒေသတွင်း တည်ငြိမ်မှုနဲ့ အရပ်သား လုံခြုံရေးကို ထိခိုက်လာတာဖြစ်ပါတယ်။

အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူ လူထုများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းလှပါသည်။ ဤဖြစ်ရပ်များမှာ စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိသည်။” လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဘူးသီးတောင် ၊ မောင်တောနယ်စပ်က အဲ့ဒီ ARSA /RSO/ARA အဖွဲ့တွေကို ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူတွေက “အကြမ်းဖက်အုပ်စု” တွေ အဖြစ် သတင်းမီဒီယာတွေက တဆင့် ဖြေကြားထားတာလည်းဖြစ်ပါတယ်။

စိန်ခေါ်ချက်ဆိုတာ သူတို့လက်နက်ကိုင်နေတာ ကို ဆိုလိုတာမဟုတ်ဘူး ၊ နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ စစ်တပ်ကိုတောင် ဖြိုနေတာ ၊ဒေသတွင်းက အကြမ်းဖက် ဓားပြ အဖွဲ့လောက်ကို ‌ဖြိိုလိုက်ဖို့လည်း AA အနေနဲ့ ခက်မှာမဟုတ်ဘူး၊ ဒါပေမယ့် တခြားနိုင်ငံတွေက အာရုံစိုက်လာမယ် ၊ စွက်ဖက်လာမယ် ၊ လူမျိုးရေး ပြသနာတွေ ရှုပ်ထွေးလာမယ် ၊ ဒါကြောင့် စိန်ခေါ်ချက်တွေလို့ သူတို့ဘက်က ဆိုလိုတာ ဖြစ်လိမ့်မယ်” လို့ ရခိုင်ဒေသ နိုင်ငံရေးသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

မောင်တောဒေသမှာ အာဆာအဖွဲ့တွေဟာ အရပ်သား ‌‌‌‌ဈေးသွားဈေးလာတွေကို တိုက်ခိုက်တာတွေ ၊ ဒေသခံတွေကို ‌အကြမ်းဖက်တာတွေ ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

တဖက်မှာလည်း မြို့သိမ်းတိုက်ပွဲဆင်နွဲနေတဲ့ အာရက္ခတပ်တော်ကို စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်နေပြီး အောက်တိုဘာ အတွင်းမှာ အဲ့ဒီအဖွဲ့တွေနဲ့ ငါးကြိမ်ခန့် တိုက်ပွဲတွေ ဖြစ်ခဲ့တယ် လို့ AA က ထုတ်ပြန်ပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *