Laywaddy FM

စစ်ဖြစ်နေတဲ့ နိုင်ငံက မိန်းမပျိုလေးတွေကို ကိုယ်စား မပြုတဲ့ အလှမယ်

စစ်ဖြစ်နေတဲ့ နိုင်ငံက မိန်းမပျိုလေးတွေကို ကိုယ်စား မပြုတဲ့ အလှမယ်

ငြိမ်းချမ်းစေ (လေးဝတီFM)

ဒီတလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ” သဲသဲ” ဆိုတဲ့ နာမည်တစ်ခု ထပ်တလဲလဲတွေ့နေရတယ်။ အသက် ၁၇ ၊၁၈ နှစ်ဝန်းကျင် မြန်မာပြည်က အလှမယ် ကောင်မလေး လို့ သိရပါတယ်။

ဘယ်ကနေ စ သိရတာလဲ ဆိုရင် ဗိဿနိုးဘုရင်မ ရဲ့ ဟန်ပန်နဲ့ စင်မြင့်ထက်မှာ လမ်းလျှောက်ခဲ့တဲ့ ပွဲက စကြားမိတာပါပဲ ။

အင်တာနက်မိတဲ့နေရာက လူမှုကွန်ယက်မျိုးစုံမှာ အဲ့ဒီအကြောင်းကို အမျိုးမျိုးအဖုံဖုံ ကြိုက်တဲ့သူရော မကြိုက်တဲ့သူရော ၊ ဝေဖန်တဲ့သူရော အားပေးတဲ့ သူရောကြောင့် သဲသဲဆိုတာကမ္ဘာကျော် အလှမယ်များ ဖြစ်သွားပြီလား ထင်မိပါတယ်။

ကလေးမလေး ရဲ့ တက်ကြွတဲ့ ပုံရိပ် ၊ ထက်တဲ့ တော်တဲ့ ချစ်စရာ ပုံရိပ်လေးတွေကိုတွေ့တော့ ကျွန်တော့် ညီမသဲသဲလေးကို သတိရ လိုက်တာ ။

ကျွန်တော့်ညီမလေး ဟာ ဒီအလှမယ်ကလေးလိုပဲ ထက်တယ် တော်တယ် လှတယ် ၊ အလှလည်းကြိုက်တယ် ။ အရပ်အမောင်း လည်း အတူတူလောက်ပဲ ရှိပါမယ်။

ဒါပေမယ့် လူမှုကွန်ယက်စာမျက်နှာပေါ်က ၊စင်မြင့်ပေါ်က အလှမယ် သဲသဲ နဲ့ ကျွန်တော့် ညီမ သဲသဲ တို့ရဲ့ ဘဝ က ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ ။

အလှမယ် သဲသဲဟာ ပြောင်လက်တဲ့ ‌ဗိဿနိုးဘုရင်မကြီးရဲ့ ဝတ်စုံကို ဝတ်ပြီး စစ်ချီတော့မယ့် စစ်သည်တော် ဘုရင်မ တစ်ဦးလို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ စင်မြင့်ပေါ်မှာ လမ်းလျှောက်နေတဲ့ အချိန် ၊ ကျွန်တော့် ညီမ သဲသဲ ကတော့ သူနေတဲ့ မြို့ကို ဗုံးကြဲ လို့ ဂိုဒေါင် အဟောင်းထဲမှာ တစ်ညလုံးဝပ်နေခဲ့ရသတဲ့။

အဲ့ဒီလို ကြောက်ရွံထိတ်လန့်နေရာ တာ ကျွန်တော့်ညီမလေးတစ်ယောက်တည်း မဟုတ်ပါဘူး ၊ မြန်မာပြည်တစ်ဝှမ်းလုံးက အမျိုးသမီး ၂၂၀ ကျော်ဟာ ဒီ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်ပွဲကြောင့် သေဆုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အများဆုံး စစ်ပွဲရဲ့ ဓားစာခံတွေ ဖြစ်ခဲ့ရတယ် လို့ AAPP ရဲ့ စာရင်းတွေက ဆိုပါတယ်။

အဲ့ဒီလို အဖြစ်အပျက်တွေ ၊ အမျိုးသမီးတွေ အတွက် အနာဂတ်မရှိတာတွေ ၊ လုံခြုံမှုမရှိတာတွေ ၊ အမြဲတစေ ကြောက်ရွံ့ထိတ်လန့်နေတာတွေ ကို ကြုံရတဲ့ အခါ ကျွန်တော် အမြဲတွေးမိတာက နင်တို့တွေဟာ နိုင်ငံမှားပြီးမွေးဖွားလာခဲ့တာပဲ သဲသဲရယ် လို့ ညည်းမိပါတယ်။

တစ်နိုင်ငံထဲ မှာ မွေးဖွားပြီး အသက်တူတူ ရှိတဲ့ သဲသဲ နှစ်ယောက်ရဲ့ မတူညီတဲ့ အခြေအနေ နှစ်ခု ကျွန်တော့် မျက်စိရှေ့မှာ တပြိုင်တည်းဖြစ်နေတဲ့ အချိန်မှာတော့ နိုင်ငံမှားပြီး လူဖြစ်လာတယ် ဆိုတဲ့ စကားကို ပြင်ဆင်ရတော့တယ်။

ဒါဆိုရင် ကျွန်တော့် ညီမလေးက ဘာများမှားခဲ့တာလဲ ။

ကျွန်တော့်ညီမလေးဟာ ရခိုင်ပြည်နယ် ရဲ့ အထင်ကရ နေရာဖြစ်တဲ့ ငပလီကမ်းခြေ မှာ မွေးဖွားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးပြီး ကမ္ဘာကြီး က သိတဲ့ ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။

အလှမယ်လေးလို လှတဲ့ ၊ တော်တဲ့ ထက်တဲ့ လိမ္မာတဲ့ ကျွန်တော့် ညီမလေး သဲသဲကဘာများ မှား ခဲ့လို့ ဗုံးခိုကျင်းထဲမှာနေရတာလဲ ။

တထိတ်ထိတ်တလန့်လန့်နဲ့နေနေရတာလဲ ။ ဘာလို့ သူ့ ရဲ့ ငယ်ရွယ်တဲ့ နုပျိုတဲ့ သင်ကြားလွယ်တဲ့ အရွယ်လေးမှာ စိုးတထိတ်ထိတ်နဲ့ ကြီးပြင်းခဲ့ရတာလဲ ။

အလှမယ်လေး သဲသဲ ဟာ သရဖူရဖို့ ကြိုးစားနေချိန်မှာ ကျွန်တော့် ညီမလေးဟာ သူ့ကို စစ်ပွဲထဲက ခေါ်ထုတ်နိုင်မယ့် ကျွန်တော့် ကို ဆက်သွယ်ဖို့ မိုင် ၄၀ ခရီးကို ဆိုက်ကယ်နဲ့ တစ်ယောက်တည်း နှင်တယ်။

တောလမ်းတောင်လမ်းတွေကို ‌ခြေလျှင်လျှောက်ပြီး အမြင့်ဆုံးတောင်ထိပ်ကို တက်ပြီး ဖုန်းလိုင်းတစ်တိုင် မိတဲ့ နေရာကို ရှာတယ်။ ဖုန်းလိုင်းမိတဲ့အချိန်မှာ

“ဟလို ” “ဟလို “ ဆိုတဲ့ စကားကို မကြားတလှည့် ကြားတလှည့် အပြန်အလှန် ဆယ်ကြိမ်ထက်မနည်းပြောပြီးနောက်မှာ ။

ကိုကြီးခနနော် လေယာဉ်လာနေတယ်” ဆိုတဲ့ စကားကို မတိုးမကြယ်လေသံနဲ့ ခတ်အုပ်အုပ်ပြောတယ်။

ဗုံးလာကြဲမယ့်လေယာဉ်လာတဲ့ အခါ တည်တည်ငြိမ်ငြိမ် တိတ်တိတ် ဆိတ်ဆိတ် ပုန်းခိုရမယ် လို့ ငါ့ညီမလေးကို ဘယ်သူက သင်ပေးလိုက်တာလဲလို့တွေးမိတော့ ။

ပြီးခဲ့တဲ့လက သူတို့ မြို့ အဝင်က ဗုံးကြဲခံရလို့ ‌ေသဆုံးသွားရရှာတဲ့

အ‌ေ.လာင်းတွေက များ သင်ပေးလိုက်တာ များလား။

နေ့စဉ်ရက်ဆက် ကောင်းကင်မှာ ဝဲနေတဲ့ လေယာဉ်သံတွေက သင်ပေးလိုက်တာများလား။

တစ်မြို့လုံးနီးပါး ပြိုပျက်နေတဲ့ အဆောက်အအုံး တွေ ရဲ့ အုတ်ကျိုး အုတ်ပဲ့တွေက သင်ပေးလိုက်တာများလား။

စကားပြောခွင့်ရတဲ့ အချိန်မှာ “ကိုကြီး ကြောက်တယ် လာခေါ်ပါတော့ ” ဆိုပြီး မဖြစ်နိုင်မှန်း သိပေမယ့် အရဲစွန့်ပြီးပြောရှာတယ်။

သူ့အတွက် ရှင်သန်ရေးဟာ ဘယ်လောက်အရေးကြီးနေသလဲ ။

စစ်ပွဲထဲက အပျိုအရွယ် မိန်းကလေးတစ်ယောက် ရဲ့ စိုးထိတ်မှုဟာ Voting ဘယ်လောက်နဲ့ ညီမျှပါသလဲ။

သဲသဲ ဟာ ဖုန်းလိုင်းမရ အင်တာနက်မရ တော့ အလှမယ်ပြိုင်ပွဲအကြောင်းလည်းမသိရှာပါဘူး။ ဒါပေမယ့် ကျွန်တော်က သူ့ကို ဖုန်းပြောခွင့်ရတုန်းလေးမှာ အလှမယ် သဲသဲဟာ ညီမလေးနဲ့ နာမည်တူကြောင်း ၊ အသက်အတူတူပဲ ဖြစ်ကြောင်း ပြောမိပါတယ်။

ကျွန်တော့်ညီမက ဒါကို ကြားတော့ ချက်ချင်းပြန်ပြောပါတယ်။ သူသာ အဲ့ဒီစင်မြင့်ပေါ်တက်ခွင့်ရမယ်ဆိုရင် “လေယာဉ်တွေ နဲ့ ဗုံးလာမကြဲ ပါနဲ့တော့ “လို့ ပြောမယ် တဲ့ ။

ဖုန်းလိုင်းကျသွားပါတယ်။ ကျွန်တော့် ညီမလေး သဲသဲ နဲ့ အဆက်အသွယ် ထပ်ပြတ်သွားခဲ့ပါတယ်။

ကျွန်တော့်ညီမလေးဟာ စစ်ပွဲအကြောင်း ကမ္ဘာကြီးအကြောင်း ၊ အလှမယ် ပြိုင်ပွဲတွေ ရဲ့ အနှစ်သာရ နဲ့ စီးပွားရေး နိုင်ငံရေး ရှုဒေါင့်တွေ အကြောင်း မသိပါဘူး။

ဒါပေမယ့် သူတို့ မြို့ကို ဘယ်နှကြိမ်လေကြာင်းက ဗုံးကြဲတိုက်ခိုက်ပြီလဲ လူဘယ်နှစ်ယောက်သေဆုံးရပြီလဲ ။ တစ်ရက်ကို လေယာဉ် ဘယ်နှစ်ကြိမ် ဝဲ သလဲ။

မအိပ်ဘဲ မိုးလင်းရတဲ့ ညတွေ ဘယ်နှစ်ည ရှိပြီလဲ။

ဆိုတာ တော့ ကောင်းကောင်းသိပါတယ်။

ဒါကြောင့်လည်း သူ့ နှလုံးသားက ပြောချင်တဲ့ စကားကို ပြောခွင့်ရတဲ့ အချိန်မှာ ပြောမယ်လို့ ဆိုလိုတာနေမှာပါ။ စစ်ပွဲထဲ ရောက်ဖူးတဲ့ သူမှ စစ်ပွဲရဲ့ အနိဠာရုံကို သိနိုင်မြင်နိုင်မပေါ့။

အလှမယ်သဲသဲ ကတော့ စစ်ပွဲရဲ့ အနိဠာရုံကို မြင်စရာမလိုတဲ့ ကံကောင်းတဲ့ ကလေးတစ်ယောက်ပါ။ သူတို့လို မိန်းမပျိုလေးတွေ ၊ အမျိုးသမီးတွေ စစ်ပွဲထဲမှာ ပိတ်မိနေ ရှာတာ ကိုလည်း မသိလေရော့သလား ။

မြန်မာပြည်အရပ်ရပ်က မြို့ တွေကို ‌လေယာဉ်နဲ့ ဗုံးလာကြဲ နေတာကိုလည်း မသိခဲ့ဘူးလား ။

သူ့မိဘ ၊ သူ့ဆရာ သူ့အသိုင်းအဝိုင်းက “အလှမယ်” တွေ ဆိုတာ ပြည်သူရဲ့ ကိုယ်စားလှယ် ဖြစ်တယ် ။ ကမ္ဘာကြီးရဲ့ သံတမန် ဖြစ်တယ် ။

ဆိုတာကို မသင်ကြားပေးခဲ့ဘူးထင်ပါတယ်။ ဒါမှ မဟုတ် သူတို့ ရပ်ကွက်ကို ဗုံးလာကြဲမယ့် လေယာဉ်တွေ မရှိဘူး ထင်ပါတယ်။

ဒါကြောင့်လည်း ကမ္ဘာကြီး က ကြားအောင် စင်မြင့်ပေါ်က ပြောခွင့်ရခဲ့တဲ့ အချိန်မှာ “လေယာဉ်တွေ နဲ့ ဗုံးလာမကြဲ ပါနဲ့တော့ “လို့ မ ပြောခဲ့တဲ့

စစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုက မိန်းမပျိုလေးတွေကို ကိုယ်စားမပြုတဲ့ အလှမယ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Kay Zue

Related Posts

47 thoughts on “စစ်ဖြစ်နေတဲ့ နိုင်ငံက မိန်းမပျိုလေးတွေကို ကိုယ်စား မပြုတဲ့ အလှမယ်

  1. Interested in UFC? UFC White House Odds unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

  2. Нужен финаносвый план? https://financedirector.by/investicionnyj-biznes-plan-struktura-i-primer-dlja-investorov/ подробное объяснение структуры документа, его роли в привлечении инвесторов, получении кредита и запуске бизнеса. Узнайте, какие разделы включает бизнес-план, какие расчеты нужны и как он помогает оценить прибыльность проекта.

  3. Быстрая профессиональная установка камер видеонаблюдения для квартир, домов, офисов и коммерческих объектов. Проектирование, монтаж и настройка систем безопасности, удалённый доступ, запись видео и контроль в реальном времени. Надёжные решения для защиты имущества и контроля территории.

  4. Do you love excitement? https://jerseysbeststore.com/tips offers premium pre-match and live sports betting, as well as a legal online casino. Try your luck on modern slots, table games, or with live dealers. We guarantee complete data security, fair results, and 24/7 player support.

  5. Do you love excitement? https://jerseysbeststore.com/licensing offers premium pre-match and live sports betting, as well as a legal online casino. Try your luck on modern slots, table games, or with live dealers. We guarantee complete data security, fair results, and 24/7 player support.

Leave a Reply

Your email address will not be published. Required fields are marked *