Laywaddy FM

လက်နက်ကြီးကျရောက်မှုကြောင့် တိုင်ကျိုးရွာမီးလောင်နေ

လက်နက်ကြီးကျရောက်မှုကြောင့် တိုင်ကျိုးရွာမီးလောင်နေ

ရခိုင်ပြည် ဂွမြို့နယ် တိုင်ကျိုးကျေးရွာအနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုညနေပိုင်းမှာ လက်နက်ကြီးကျရောက်လို့ တိုင်ကျိုးကျေးရွာမှာ မီးလောင်နေတယ်လို့ သတင်းရရှိပါတယ်။

တိုင်ပွဲတွေဟာ ဒီကနေ့ မနက်ပိုင်းမှာ တိုင်ကျိုးကျေးရွာ တောင်ပိုင်းအထိရောက်နေပြီး အနီးကပ်ပစ်ခတ်နေကြတဲ့ အခြေအနေ လို့ ဒေသခံ က ပြောပါတယ်။

ချနေတာကတော့ မနေ့ညက ပဲ ဒီနေ့ လည်းတရက်လုံးပဲ အခု ညနေပိုင်း တော့ လက်နက်ကျလို့ ရွာထဲမှာမီးလောင်နေတယ် တိုက်ပွဲ ကလည်းဖြစ်နေတုန်းပဲ “ လို့ ဒေသခံက ပြောပါတယ်။

ဂွမြို့နယ် တိုင်ကျိုးကျေးရွာ အနီးမှာ တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေ ဟာ ထိုးစစ်ဆင်ခံနေရတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အင်အား အလွန်အကျွန်ဖြည့်ထားပြီး တိုက်ပွဲအတွင်းမှာ နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

တိုင်ကျိုးကျေးရွာဟာ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ဂွမြို့နယ် အတွင်းက ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။

ဖိုးလပြည့် ရေးသည်။

Kay Zue

Related Posts

44 thoughts on “လက်နက်ကြီးကျရောက်မှုကြောင့် တိုင်ကျိုးရွာမီးလောင်နေ

Leave a Reply

Your email address will not be published. Required fields are marked *