Laywaddy FM

စစ်တပ်နဲ့ အပေါင်းအပါများ မာန်အောင်ကျွန်း မှာ လောင်းကစားဝိုင်း နဲ့ ပွဲလမ်းသဘင်လုပ် ၊ကုန်စည်များကို ဒေသအတွင်းမှာ အဆမတန် ဈေးတင်ရောင်း ပြီး စီးပွားရှာနေ

စစ်တပ်နဲ့ အပေါင်းအပါများ မာန်အောင်ကျွန်း မှာ လောင်းကစားဝိုင်း နဲ့ ပွဲလမ်းသဘင်လုပ် ၊ကုန်စည်များကို ဒေသအတွင်းမှာ အဆမတန် ဈေးတင်ရောင်း ပြီး စီးပွားရှာနေ

ရခိုင်ပြည်အနှံ့ စစ်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန်မှာ ရခိုင်ပြည်က ကျွန်းမြို့တစ်မြို့ဖြစ်တဲ့ မာန်အောင်ကျွန်းမှာတော့ စစ်ကောင်စီမိသားစုဝင်တွေနဲ့ အပေါင်းအပါတွေဟာ ဒေသတွင်းမှာ လောင်းကစားနဲ့ ပွဲလမ်းသဘင်တွေ ပြုလုပ်ပြီး ဒေသခံတွေ နားလှည့်ပါးရိုက် ဂုတ်သွေးစုပ်နေတယ်လို့ သတင်းရ ရှိပါတယ်။

ဒါအပြင် စစ်ကောင်စီမိသားစုတွေဟာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်မက ကုန်စည်တွေကို ဒေသတွင်းမှာ အဆမတန် ဈေးတင်ရောင်းနေတယ်လို့ လည်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“ဇာတ်လိုလိုပွဲလိုလိုတွေလုပ်တယ်၊ ဟိုနားဒီနားက စက်ငှားပြီး ပွဲတွေမပြတ်ချတယ်၊ ခြောက်ကောင်ဝိုင်းတွေ ရာနဲ့ချီပြီး ထောင်တယ်၊ အကောက်ကောက်တယ်၊ ဖမ်းမယ့်စီးမယ့်သူလည်းမရှိဘူး ၊ အဓိက လူတွေ အပျော်အပါး နဲ့ လောင်းကစား တွေပဲ စိတ်ဝင်စားပြီး နိုင်ငံရေးလည်းမသိ တိုင်းရေး ပြည်ရေးလည်းမသိအောင်လုပ်ထားတာ ” လို့ မာန်အောင်ဒေသခံ က ဆိုပါတယ်။

လတ်တလောအခြေအနေအရ မာန်အောင် မြို့ မှာ စစ်ကောင်စီ အုပ်ချုပ်ရေး လည်ပတ်နေဆဲ ဖြစ်ပြီး ၊ စစ်ကောင်စီ အသိုင်းအဝိုင်းက ပိုင်ဆိုင်တဲ့ မော်တော် တွေနဲ့

စားသောက်ကုန်တွေကို သယ်ယူပြီး ဒေသတွင်းမှာ အဆမတန်ဈေးတင်ရောင်းနေကြတယ်လို့လည်းပြောပါတယ်။

ပြည်သူလူထုဟာ ဒေသတွင်းမှာ ဆန် နဲ့ အခြေခံစားသောက်ကုန်တွေကို ဈေးကြီးပေးပြီး ဝယ်ယူစားသောက်နေရချိန်မှာ စစ်ကောင်စီအုပ်ချုပ်ရေး(ထွေအုပ်)၊ ရဲတပ်ဖွဲ့၊စရဖ၊ ရေတပ် ၊စစ်တပ် တွေဟာ ကျေးရွာအုပ်စုအလိုက် ရွာစတိတ်ရှိုးများ နဲ့ လောင်းကစားဝိုင်းတွေ ပြုလုပ်ပြီး ပျော်ပါးနေကြတယ်လို့ ဒေသခံ က ပြောပါတယ်။

မာန်အောင်မြို့မှာ ငါးဖမ်းလှေ၊ ကုန်တင်ကုန်ချလှေ၊ ခရီးသည်လှေ(ကူတို့လှေ) စသည် တို့ကို စစ်ကောင်စီက သွားလာခွင့်မပြုရဘဲ ပိတ်ထားပြီးနောက်ပိုင်းမှာ စစ်ကောင်စီ အသိုင်းအဝိုင်းက လုပ်ငန်းရှင်တွေ က ဒေသခံတွေ အပေါ်မှာ အခွင့်ရေးယူ အမြတ်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံက“မာန်အောင်ကလှေပေါပါတယ်။ ဒါပေမဲ့လှေအသုံးမပြုရပါဘူး။ ငါးဖမ်းလှေလည်းမထွက်ရ၊ ကုန်တင်လှေ၊ ကူးတို့ တိုက်လှေဘာမှအဝင်အထွက်မလုပ်ရဘူး။ စစ်တပ်မိသားစု နဲ့ သူတို့ရဲ့အသိုင်းဝိုင်းထဲက လှေတွေဆိုရန်ကုန်ကိုနေ့တိုင်းသွားနေတယ်။ ပစ္စည်းမှာယင် လည်းလှေဖိုးတင်မကစျေးပါတင်တောင်းတယ်။ ပါလာတဲ့ပစ္စည်းဝယ်လည်းစျေးကြီးတယ်။”လို့ ပြောပါတယ်။

ရခိုင်တစ်ပြည်လုံး မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပေမယ့် ကျောက်ဖြူ ၊ မာန်အောင် ၊ စစ်တွေ တို့မှာ တော့ အခုလို စစ်ကောင်စီရဲ့ ဂုတ်သွေးစုပ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

မာန်အောင်မြို့ဟာ ရခိုင်ပြည် တောင်ဘက်အခြမ်းက ကျွန်းမြို့တစ်မြို့ဖြစ်ပြီး ကျောက်ဖြူ မြို့ မှာ အထိုင်ချတဲ့ စီမံကိန်းတချို့လည်းမာန်အောင်ကျွန်းမှာ အကောင်အထည်ဖော်လျှက်ရှိပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

4 thoughts on “စစ်တပ်နဲ့ အပေါင်းအပါများ မာန်အောင်ကျွန်း မှာ လောင်းကစားဝိုင်း နဲ့ ပွဲလမ်းသဘင်လုပ် ၊ကုန်စည်များကို ဒေသအတွင်းမှာ အဆမတန် ဈေးတင်ရောင်း ပြီး စီးပွားရှာနေ

  1. Здесь доступны как классические игровые автоматы, так и современные видеослоты.
    Пинко Казино
    Игрокам доступны бонусы и специальные предложения.

Leave a Reply

Your email address will not be published. Required fields are marked *