အမ်း ၊ နပခ ဌာနချုပ်ရဲ့ စားနပ်ရိက္ခာအတွက် အဓိက ကျတဲ့ ရိက္ခာနဲ့ ထောက်ပို့ စခန်း ဖြစ်တဲ့ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ ကို အာရက္ခတပ်တော်က နိုဝင်ဘာ ၁၅ ရက်နေ့က သိမ်းပိုက်လိုက်တယ် လို့ သတင်းရရှိပါတယ်။
အဲ့ဒီအမှတ် (၉၂၆) တပ်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ တပ်ရင်းတပ်ခွဲတွေ ရဲ့ ရိက္ခာနဲ့ ထောက်ပံ့ရေးအတွက် အသက်သွေးကြောတစ်ခု ဖြစ်ပြီး အဖက်ဖက်က ပိတ်ဆို့ထိုးစစ်ဆင်ခံနေရတဲ့ ဒီအခြေအနေမှာ နပခ က စစ်သားတွေ အတွက် အစာရေစာ ငတ်ပြတ် နိုင်တဲ့ အခြေအနေ မျိုးဖြစ်တယ်လို့ ဆိုပါတယ်။
“နိုဝင်ဘာ ၁၅ ရက်နေ့က ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီးတော့ Y12 ပါညနေလာချတယ်။ နပခဌာနချုပ်က ဒရုန်း၊ လက်နက်ကြီးပစ်ကူတယ်။ တပ်ဖွဲ့ဝင်တွေစစ်ကူပေးတယ်။ ညဉ့်အချိန်ကျတော့ထောက်ပို့မှာ မီးလောင်နေတာတွေ့ရတယ်။ မနက်ကျတော့အဲ့ဒီတပ်ကိုAA က သိမ်းလိုက်ပြီ ၊ ထောက်ပို့တပ်ကို သိမ်းတော့ သူတို့အတွက် သွားပြီပေါ့ “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
၁။ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ် ၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ် တွေကို သိမ်းပိုက် ထားကြောင်းထုတ်ပြန်ခဲ့ပြီး သုံးရက်အကြာမှာ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ မှာ ဆန် ၊ စပါး နဲ့ တခြား ရိက္ခာအစုံ ကို သိမ်းဆည်း ခွဲတွေတဲ့ နေရာဖြစ်ပြီး နပခ အတွင်းက စစ်သားတွေ AA ထိုးစစ်ကို ရေရှည်တောင့်ခံနိုင်ရေးအတွက် အဓိက အားထားရာ နေရာလည်းဖြစ်ပါတယ်။
အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွက် အဓိက ရိက္ခာပို့တဲ့ အမ်း-ပဒါန်းလမ်းပိုင်းကိုလည်း မဟာမိတ်တပ်တွေက ပိတ်ဆို့ထားတဲ့ အတွက် လမ်းပိုင်းကို အသုံးပြုလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ထောင်နဲ့ချီတဲ့ နပခ ဌာနချုပ်က တပ်သားတွေ အတွက် ရိက္ခာနဲ့ လက်နက်ထောက်ပံ့ပေးဖို့ လေကြောင်း တစ်ခုတည်းကိုသာ အသုံးပြုလို့ရနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
နပခ ဌာန ချုပ် တပ်ရင်းတပ်မတွေ မှာ တာဝန်ကျနေတဲ့ တပ်မိသားစုတွေဟာ မိသားစုတွေနဲ့ အဆက်အသွယ်မရနိုင်တော့သလို သေမှန်း ရှင်မှန်းပင်မသိနိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ အမ်းမြို့ပေါ်က ဌာနဆိုင်ရာမိသားစု အသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။
“တလောက စနိုက်ဘာထိပြီးသေသွားတယ်ဆိုပြီး နာမည်နဲ့တကွ သတင်းတက်လာမှ သူ့ယောက်ျား ဆုံးမှန်းသိတယ် ၊ အဲ့ဌာနချုပ်ထဲမှာ သေမှန်းပျောက်မှန်း မသိတော့ဘူး ” လို့ အမ်းမြို့ပေါ်ဒေသခံတစ်ဉီးက ပြောပါတယ်။
စစ်ကောင်စီ တပ်သားတွေဟာ အမ်း တိုက်ပွဲမှာ အင်အား ရာချီသေဆုံးခဲ့ရပြီး နောက် စစ်မှုထမ်း ဖို့ အသစ်ခေါ်ထားတဲ့ မွတ်ဆလင် လူငယ်တွေကို အများအပြား အသုံးပြုလာတာလည်းဖြစ်ပါတယ်။
AA ရဲ့ ထိုးစစ်ဟာ နပခ ဌာနချုပ်နဲ့ နီးကပ်လာတာနဲ့ အမျှ စစ်ကောင်စီတပ်သားတွေဟာ အလံဖြူထောင်အလင်းဝင်လာကြပြီး အမ်းတိုက်ပွဲမှာ အလင်းဝင်လာတဲ့ စစ်သား အရေအတွက်ဟာ ၄၀၀ ကျော်ခဲ့ပြီလို့ သိရပါတယ်။
ဓာတ်ပုံ- ပုံဟောင်း
အဉ္စနလီညှင်း(လေးဝတီ FM)ရေးသည်။
Нужен проектор? projector24.ru/ большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.
химчистка замшевой обуви химчистка обуви цена