မကြာခင်မှာ ထိုးစစ်ဆင်ခံရနိုင်တဲ့ ရခိုင်ပြည်က ကျောက်ဖြူမြို့ နဲ့ စစ်တွေ မြို့ ကို စစ်ကြောင်စီ ရေကြောင်းက တဆင့် လူအင်အား ၊ လက်နက်အင်အား နဲ့ စားနပ်ရိက္ခာတို့ကို ဖြည့်တင်းနေတယ်လို့ သတင်းရရှိပါတယ်။
တရုတ်စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့နဲ့ ရခိုင်ပြည် ရဲ့ မြို့တော် စစ်တွေ ကို အပြင်းအထန်ကာကွယ်ဖို့အတွက် စစ်ကောင်စီဟာ စစ်အင်အားတွေ လျှို့ဝှက်ပို့ဆောင်နေတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့က စပြီး အဲ့ဒီမြို့တွေက ခရိုနီတွေ ပိုင်တဲ့ စစ်လှေတွေ အသုံးပြုပြီး
လက်နက် နဲ့ ရိက္ခာတွေကို လျှို့ဝှက်သယ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဘဂ်လာဘက်ကို ကုန်ပို့တဲ့ သဘေ်ာ အရွယ် ရှိတဲ့ ဘုတ် ငါးစီးနဲ့ ရန်ကုန်ဘက်က ဆင်းလာတယ်၊ ကျောက်ဖြူ သံဇစ်မြစ်မှာ နှစ်စီးချတယ်၊ သူတို့က ညဘက်မှာ ကမ်းကိုကပ်ပြီး မော်တော်ဘုတ်အသေးတွေက သဘေ္ာကနေ ကမ်းကို လူတွေ ပြန်ကဲ့တယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ရိက္ခာ နဲ့ လူအင်အားအပြည့် တင်ဆောင်လာတဲ့ အဲ့ဒီ သဘေ်ာ တွေဟာ ဒေသတွင်းက လုပ်ငန်းရှင်တွေပိုင်တဲ့ အများပြည်သူ အသုံးပြုဖို့ ပြေးဆွဲနေတဲ့ သဘေ်ာတွေဖြစ်တယ်လို့ ဆိုပါတယ်။
“အဲ့ဒီသဘေ်ာ တွေ နောက်က နေဗီက မလှမ်းမကမ်းက ကပ်လိုက်လာတယ်၊ လုံခြုံရေးယူပေးထားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လတ်တလောမှာ ကျောက်ဖြူနဲ့ စစ်တွေ မြို့တွေမှာ စစ်ကောင်စီ ရဲ့ ဂိတ်အသီးသီးမှာ လုံခြုံရေး အင်အားတွေ ထပ်ထိုး ပြီး ၊ ဒေသခံတွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၊ နယ်ခြားစောင့် ကွက်ကဲရေးဌာန (နခခ )စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ – ၅) ၊ စတဲ့ ဌာနချုပ် ကြီးသုံးခု ကို အပြင်းအထန်ထိုးစစ်ဆင်ခံနေရတာဖြစ်ပါတယ်။
ကျောက်ဖြူ နဲ့ စစ်တွေ မြို့တွေဟာ လတ်တလောမှာ စစ်ကောင်စီ ထိမ်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။
အဉ္စနလီညှင်း(လေးဝတီ FM)ရေးသည်။