ရခိုင်ပြည်နယ်စပ်မြို့ က မောင်တော နခခ (၅) ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ ပြီး ဖြစ်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နေ့ မှာ သတင်းရရှိပါတယ်။
အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ဒီဇင်ဘာ (၅)(၆) ရက်တွေ မှာ နခခ(၅) ရဲ့ နောက်ဆုံးခံတပ် ဘန်ဘာတွေ အထိ အနီးကပ်ဝင်ရောက် ထိုးစစ်ဆင် ခဲ့ပြီး ဒီကနေ့ မနက်မှ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ် လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“နခခ(၅) ပြတ်ပြီ ။ နယ်မြေ ရှင်းလင်းနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
မောင်တောနယ်စပ်မှာ ရှိတဲ့ သုံးလကျော်ကြာနည်းမျိုးစုံနဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရတဲ့ မောင်တော နခခ(၅) မြို့သူကြီးတပ် ဟာ နောက်ဆုံးမှာ ထိမ်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မောင်တော နခခ(၅) ရဲ့ လက်ကျန်ဗျူဟာစခန်း မကျရေးအတွက် နေဗီက လက်နက်ကြီးနဲ့ ပစ်ကူပေးနေသလို ၊ လေကြောင်းကလည်း အဆက်မပြတ်ခုခံနေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ နေရာတွေသာမက မောင်တောမြို့ ဧရိယာထဲကိုလည်း ဖျက်အားပြင်း ပေါင် ၁၀၀၀ ဗုံးတွေ ကြဲချနေတာဖြစ်ပါတယ်။
မောင်တောမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး တစ်ခုတည်းကျန်တော့တဲ့ မြို့သူကြီး အခြေစိုက် မောင်တော နခခ(၅) မှာ စစ်ကောင်စီရဲ့ လက်ကျန်အင်အားတွေ စုပေါင်းထားပြီး ခုခံခဲ့တာ ဖြစ်ပါတယ်။
အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။