Laywaddy FM

နပခ ဌာန ချုပ်က တပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် အမ်း ကို စစ်ကြောင်းထိုးလာ

နပခ ဌာန ချုပ်က တပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် အမ်း ကို စစ်ကြောင်းထိုးလာ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဂွင် က လွဲပြီးကျန်တဲ့ တပ်ရင်း တပ်မတွေ ကို သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် AA က တရားဝင်ကြေညာပြီးနောက်မှာ

စစ်ကောင်စီက စစ်ကြောင်းတစ်ခု ကို ထပ်မံ ပို့လွှတ်ခဲ့တယ် လို့ သတင်းရရှိပါတယ်။

ဒီစစ်ကြောင်းဟာ အမ်း ကို ပို့လွှတ်တဲ့ အထဲ မှာ အင်းအား ရာချီပါတဲ့နောက်ထပ် စစ်ကြောင်းလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ (၇) ရက်မနက်ပိုင်းက ပဒါန်းအမြှောက်ကြီး တပ်စခန်းကနေ စစ်ကားတွေနဲ့ရော ခြေလျှင်ပါ စစ်ကြောင်းထိုးလာတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“စစ်ကား ၆ စီး ပါတယ် ၊ ခြေလျှင် က ၃၀ လောက်ရှိမယ် အမ်းဘက်ကို ဦးတည်ပြီး ရိုးမကိုတက်သွားတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အရင် ရက်တွေက အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး တက်လာတဲ့ စစ်ကြောင်းတွေဟာ မဟာမိတ်တတ်တွေ နဲ့ အာရက္ခတပ်တော်ရဲ့ အဆင့်ဆင့် ထိုးစစ်တွေ မှာ အများအပြား ကျဆုံးခဲ့ကြပြီး

ဖြစ်တယ် လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

“သူတို့က ရိုးပေါ်တရုတ်ပိုက်လိုင်း မှာနေရာယူထားတာတွေရှိတယ်။ ပြီးတော့ပဒန်း၊ငဖဲတော့ကသူတို့အုပ်ချုပ်ရေးနယ်မြေတွေ ဖြစ်ပါတယ်။

မကွေး တိုင်း နဲ့ ရခိုင်ရိုးမ အစပ်ရောက်ရင်တော့ AA နဲ့ ထိပ်တိုက်တွေ့နိုင်ပါတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

အမ်း နပခဌာနချုပ် နိုဝင်ဘာ လ အတွင်းက ပို့လွှတ်ခဲ့တဲ့ စစ်ကြောင်းတွေ ကို အာရက္ခတပ်တော်က ပိတ်ဆို့ ဖြတ်တောက်ခဲ့သလို ၊ PRA(မကွေး) က လည်း ဖြတ်တောက်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ က တက်လာတဲ့ အင်အား ၄၀၀ ပါတဲ့ စစ်ကြောင်း တစ်ခုဟာ လည်း အမ်းရိုးမထဲ မှာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အမ်း နပခဌာနချုပ် အတွင်းပိုင်းက လွဲပြီး နပခ လက်အောက်က တပ်စခန်းအားလုံး ကို သိမ်းပိုက်ပြီး ဖြစ်ပါတယ်။

လတ်တေလာမှာ အမ်းနပခ ဌာနချုပ်ဟာ အင်အားချိနဲ့ ပြီး AA ရဲ့ ထိုးစစ်ကို အလူးအလဲ ခံနေရတာဖြစ်ပါတယ်။

ဓာတ်ပုံ- ရခိုင်ဘက်ကို ချီတက်သွားတဲ့ စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ရာက ရရှိခဲ့တဲ့ လက်နက်များ ။

အဉ္စနလီညှင်း (လေးဝတီFM)ရေးသည်။

Kay Zue

Related Posts

One thought on “နပခ ဌာန ချုပ်က တပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် အမ်း ကို စစ်ကြောင်းထိုးလာ

Leave a Reply

Your email address will not be published. Required fields are marked *