Laywaddy FM

မူဆယ် စစ်ဆေးရေးဂိတ်မှာ ရခိုင်အမျိုးသမီး ၄ ဉီးဖမ်းဆီး ခံရပြီး ၁ ဉီးသတ်ဖြတ်ခံရ

မူဆယ် စစ်ဆေးရေးဂိတ်မှာ ရခိုင်အမျိုးသမီး ၄ ဉီးဖမ်းဆီး ခံရပြီး ၁ ဉီးသတ်ဖြတ်ခံရ

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ က စားဝတ်နေရေးအတွက် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့ အမျိုးသမီးလေးဉီးဟာ မူဆယ် ဂိတ်မှာ ဖမ်းဆီးခံရပြီး တစ်ဉီး သတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။

မူဆယ်ဂိတ်မှာဖမ်းဆီးခံရတဲ့ အမျိုးသမီးလေးဉီး အနက် က အသက် ၂၆ နှစ်အရွယ် မနွယ်နွယ်မြင့် ဟာ ဒီဇင်ဘာ ၆ ရက် နေ့ က စစ်ကောင်စီ ရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်လို့ သိရပါတယ်။

“မနေ့ညက မနက်အစောပိုင်းမှာ ကားနဲ့ စစ်ကောင်စီ ဂိတ်ကိုဖြတ်လာတယ် ။ မူဆယ်မြို့အဝင် စစ်ကောင်စီဂိတ်မှာ ဖုန်းစစ်ဆေးတယ်။သူတို့ ၄ ဦးစလုံးကို ဖမ်းတယ်။ မနွယ်နွယ်မြင့်ကိုတော့ Facebook နဲ့ Telegran မှာ AA နဲ့ပတ်သတ်တဲ့ပုံတွေတွေ့လို့ ဆိုပြီး စစ်ကောင်စီ တပ်သားတွေက သတ်လိုက်တယ်” လို့ အဲ့ဒီအမှုကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးက ပြောပါတယ်။

လေးဉီးအနက် က ကျန်တဲ့ အမျိုးသမီးတွေဟာလည်း မူဆယ်ရောက် ရခိုင်ဒေသခံတွေက စစ်ကောင်စီ ဂိတ်ကို သိန်းရာချီပေးပြီး ပြန်လည် ထုတ်ယူလာရတာဖြစ်ပါတယ်။

လွတ်မြောက်လာတဲ့ အမျိုးသမီးသုံးဦး ဟာ အသက် ၁၈ ကနေ ၂၀ ဝန်းကျင် အရွယ်အမျိုးသမီးတွေ ဖြစ်ပြီး အဲ့ဒီမိန်းကလေးတွေ အသက်ရှင်ခွင့်ရဖို့ ဒေသတွင်းက ရခိုင်လူမှုအဖွဲ့အစည်းတွေက ထုတ်ယူပေးခဲ့ရတာဖြစ်တယ်လို့ လေးဝတီ FM က စုံစမ်းသိရှိရပါတယ်။

“မသေခင်ဘာဖြစ် ခဲ့သေးလဲ ဆိုတာ သူပဲ သိမယ် “ လို့ သတင်းရင်းမြစ် က ပြောပါတယ်။

စစ်ကောင်စီဟာ မူဆယ်မြို့တွင် ညအချိန်မတော် အလုပ်က ပြန်လာတဲ့ လူငယ်အလုပ်သမားတွေကို ကင်းလှည့် နေတဲ့

တပ်ဖွဲ့ဝင်တွေက ဖမ်းစီးပြီးငွေတောင်းခံတာတွေရှိနေတယ်လို့ မူဆယ်ရောက် ဧရာဝတီတိုင်းက အမျိုးသမီးတစ်ဉီးက ပြောပါတယ်။

“ကျွန်မတော့ ညနေ ၉ နာရီ မှာအလုပ်ကအိမ်ပြန်လာတယ်။ တစ်ခါတော့ဖမ်းခံထိတယ်။ မှတ်ပုံတင်နဲ့ဖုန်းကိုစစ်ပြီး။ PDF နဲ့ဆက်စပ်မူမေးတယ်။ နောက်ပြီးအပြစ်မရှိအပြစ်ရှာပြီး Facebook မှာ တက်နေတဲ့ ဟာတွေကိုဆက်စပ်ပြောတယ်။ဖမ်းစီးမယ်စခန်းခေါ်ယူမယ်ပြောတယ်။မဟုတ်ရင်ငွေပေးရမယ်ဆိုလို့ ငွေ ၁၀၀၀၀၀( တစ်သိန်း) ပေးခဲ့ရတယ်။” လို့ ဧရာဝတီ တိုင်းက ရွေ့ပြောင်းအလုပ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဉီးက ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မှာ စစ်ရေး အရ ရှုံးနိမ့်နေမှုကြောင့် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူ မြန်မာပြည်အနှံ့က ရခိုင်တိုင်းရင်းသား အားလုံးကိုနည်းလမ်းအမျိုးမျိုးနဲ့ ချိန်းခြောက်အကြပ်ကိုင်နေတာ ဖြစ်ပါတယ်။

အမ်းချောင်းသူ(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

40 thoughts on “မူဆယ် စစ်ဆေးရေးဂိတ်မှာ ရခိုင်အမျိုးသမီး ၄ ဉီးဖမ်းဆီး ခံရပြီး ၁ ဉီးသတ်ဖြတ်ခံရ

  1. Interested in UFC? ufc 250 anniversary unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

  2. Пробелмы с финансами? https://financedirector.by анализ стратегий планирования, управления денежными потоками и инвестициями. Практические примеры, инструменты финансового менеджмента и эффективные решения для устойчивого развития бизнеса.

  3. Быстрая профессиональная монтаж видеонаблюдения в калининграде для квартир, домов, офисов и коммерческих объектов. Проектирование, монтаж и настройка систем безопасности, удалённый доступ, запись видео и контроль в реальном времени. Надёжные решения для защиты имущества и контроля территории.

  4. Онлайн-сервис оценки недвижимости https://shalmach.pro по фотографиям для покупки, аренды и планирования ремонта. Узнайте ориентировочную стоимость жилья, возможные вложения и рекомендации перед принятием решения.

  5. Steam Desktop Authenticator https://sdasteam.com (SDA). It allows you to generate account login codes and automatically confirm trades or item sales on the Community Market without using your smartphone.

  6. Do you love excitement? https://jerseysbeststore.com/bonuses offers premium pre-match and live sports betting, as well as a legal online casino. Try your luck on modern slots, table games, or with live dealers. We guarantee complete data security, fair results, and 24/7 player support.

  7. Do you love excitement? https://jerseysbeststore.com/licensing offers premium pre-match and live sports betting, as well as a legal online casino. Try your luck on modern slots, table games, or with live dealers. We guarantee complete data security, fair results, and 24/7 player support.

Leave a Reply

Your email address will not be published. Required fields are marked *