အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ကွက်ကဲနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဉီးရဲ့နေအိမ်ကိုအာရက္ခတပ်တော်AA က သိမ်းပိုက်ရှင်းလင်းပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီရဲ့ ပြန်တန်းဝင် အရာရှိ ဒုတိုင်းမှူးသောင်းထွန်းနဲ့ ယာယီဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ နေထိုင်တဲ့ နပခ ဌာနချုပ်ထဲက နေအိမ်ကို ဒီဇင်ဘာ ၆ ရက်က ထိန်းချုပ်ရှင်းလင်းခဲ့တယ် လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
“ဒီဇင်ဘာ ပထမအပတ်ကသိမ်းလိုက်တာပါ။ သူတို့က အထဲမှာ အိမ်ယာတွေ နဲ့ အဆောင်အယောင်တွေနဲ့ နေထိုင်တာပါ၊ စိစစ်တဲ့အခါ ဒုတိုင်းမှူး နဲ့ ယာယီစစ်ဉီးစီးမှူး တာဝန်ရှိသူတွေ ရဲ့ နေအိမ်တွေ ဖြစ်ပါတယ်၊ လူတွေကတော့ သူတို့တပ်နဲ့ အတူ နောက်ဆုတ်ခုခံနေကြပါတယ် “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နပခဌာနချုပ်ဝန်းထဲမှာ ပိတ်မိနေတဲ့ စစ်ကောင်စီ အဖွဲ့တွေဟာ နခခ မောင်တော က တပ်သားတွေလို လာကယ်ထုတ်မယ့် အချိန်ကို စောင့်နေကြတာလည်းဖြစ်ပါတယ်။
” ဌာနချုပ်အထဲက ဧရိယာတွေကို AA က တစ်ခုပြီးတစ်ခု လိုက်သိမ်းနေတယ်။ ပြီးခဲ့တဲ့ ရက်က လက်နက်တိုက်ကို ရခဲ့တယ် ၊ ဒီတစ်ပတ်အတွင်းမှာ ပွဲက ပြတ်လောက်တယ် ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရဲ့ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး ဟာ အောက်တိုဘာလ ကတည်းက တိုင်းစစ်ဌာနချုပ်ကို ထားပြီး ကျောက်ဖြူမြို့ကိုထွက်ပေးပြီးဖြစ်ပါတယ်။
အလားတူပဲ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည်လည်း မကွေး မြို့ က တပ်မ ၈၈ ကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အဲ့ဒီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယာယီ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း က ကွက်ကဲနေတာဖြစ်ပါတယ်။
အမ်းနပခ ဌာနချုပ်ဝန်းအတွင်း က လျှို့ဝှက်လှိုင်ဂူတစ်ခုကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲကို စီမံကွက်ကဲနေသူတွေရဲ့ နေအိမ်တွေကိုလည်း စီးနင်းသိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းက အဆက်မပြတ်ခုခံပေးနေပြီး ဒရုန်းအများအပြားကိုလည်းဆက်တိုက်အသုံးပြုလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတွေဟာ ရိုးမပေါ်က နတ်ရေကန်ဂိတ်မှာ အင်အားစုပေါင်းနေပြီး နပခ အနီးကို ချည်းကပ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။
အဉ္စနလီညှင်း (လေးဝတီFM)