အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ပြီး ဌာနချုပ်အတွင်း အပြင် မှာ ရှိတဲ့ စစ်ကောင်စီ တပ်သားအားလုံး ကိုလည်း အာရက္ခတပ်တော် AA က ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ဒါအပြင် အဲ့ဒီဌာနချုပ်အထဲမှာ ကွက်ကဲနေတဲ့ ဒုတိုင်းမှူး သောင်းထွန်း ကို လက်ရဖမ်းဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းပိုင်းက တပ်သားတွေဟာ လေးရက်ဆက်တိုက် အလင်းဝင်လာတဲ့အကြောင်းထုတ်ပြန်ခဲ့ပြီးချိန်မှာ
ဌာနချုပ် အတွင်းအပြင်မှာရှိတဲ့ စစ်ကောင်စီ အကြွင်းအကျန်တွေ အကုန်လုံးကို ရှင်းထုတ်နိုင်ပြီဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ဒုတိုင်းမှူး သောင်းထွန်း အပါအဝင် ကျန်တဲ့သူအကုန်လုံးကို ဖမ်းလိုက်ပြီ ၊ဌာနချုပ်ကိုရော တမြို့လုံးကိုရော ထိမ်းထားနိုင်ပြီ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
(နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဟာ အောက်တိုဘာ လ ကတည်းက မကွေးမြို့ ကို ထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး ဌာနချုပ်ထဲမှာပြန်လည် ဖမ်းဆီးမိခဲ့ တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ၊ စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကိုလည်း အာရက္ခတပ်တော် AA က ကယ်တင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“အခု တမြို့လုံးကို လေကြောင်းက ပစ်နေပြီး မြို့လည်း မီးလောင်နေတယ်၊ မိုးထ က ပဲ ပစ်နေပါတယ်” လို့ နောက်ထပ်သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
စစ်မြေပြင်အခြေအနေမှာ လေကြောင်းက ဆက်တိုက်ပစ်ခတ်နေသလို ၊ အမ်းမြို့ နဲ့ အမ်းရိုးမ ပေါ်မှာရှိတဲ့ တောင်စောက်တောင်စခန်းက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေပြီး အမ်းတမြို့လုံးပျက်စီး လျှက်ရှိတယ်လို့သိရပါတယ်။
အမ်းနပခ ဌာနချုပ်လက်အောက်က
(၁) ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၊
(၂) အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၊
(၃) လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊
(၄) စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊
(၅) တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ
( ၇) လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်
(၈_)စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်
(၉) အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ
(၁၀) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊
(၁၁) ခမရ( ၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း
(၁၂)အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊
(၁၃) အမ်းမြို့မ ရဲ စခန်း
တွေ အပါအဝင် စခန်းကြီး စခန်းငယ် သုံးဆယ်ကျော် ကို အာရက္ခတပ်တော်က ဒီဇင်ဘာ မတိုင်ခင်ကတည်းက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
အဉ္စနလီညှင်း (လေဝတီFM)ရေးသည်။
canadian online pharmacy no prescription
order prescriptions
canadian pharmacies without prescriptions
northwestpharmacy
canadian pharcharmy online
fda approved pharmacies in canada
best online pharmacies
canadian trust pharmacy