ရခိုင်ပြည် အမ်းမြို့နဲ့ ဂွမြို့ က စစ်မျက်မြေပြင်အတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို သံတွဲမြို့က စီမံကွက်ကဲနေတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကောင်စီဟာ သံတွဲမြို့ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။
တစ်ဖက်မှာ စစ်ကောင်စီလော်ဘီ ချန်နယ်တွေက သံတွဲမြို့ပေါ်မှာ အာရက္ခတပ်တော် ရဲ့ စစ်ဆင်ရေးရုံးတွေ အထိုင်ချထားတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီဟာ သံတွဲမြို့ပေါ်ကို ဆက်တိုက် လေကြောင်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။
“ပထမ ရက်က ရေအားလျှပ်စစ်ဆေးရုံက မြတ်မေတ္တာဆေးရုံ ကိုတည့်တည့်ချတယ်၊ ဒီနေ့ ဘိုကုန်းက စိုက်ပျိုးရေး ရုံးကိုတည့်တည့်ချတယ်။ပြီးတော့ ရပ်ကွက်တွေထဲကိုကျတယ်။ သူတို့ လော်ဘီတွေက အဲ့ဒီနေရာတွေမှာ AA ရုံးစိုက်တယ်ဆိုပြီး ဆက်တိုက်ဖွနေတယ်။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
သံတွဲမြို့ကို ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်ည ၁၁ နာရီသန်းခေါင်ယံအချိန်မှာ ထပ်မံတိုက်ခိုက်ခဲ့ပြီး သက်ကြီးပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
သံတွဲမြို့ ရဲ့ မြို့ပေါ်ရပ်ကွက်တွေ ဖြစ်တဲ့ ဘုရင့်နောင်လမ်း၊ စပါယ်လမ်း ၊ အမှတ်(၄) ရပ်ကွက် ၊ ဗိုလ်ကုန်း ရပ်ကွက်တို့ကို လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်က ဒေါ်အုန်းမြင့် (၈၅ နှစ်)၊ ဒေါ်တင်တင်ချို (၅၅ နှစ်) ၊ ဦးရဲအောင် (၆၃ နှစ်)တို့ ဟာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“လေယာဉ်က နေ့တိုင်းဝဲနေ ပစ်နေ တော့ အခုသံတွဲကလူတွေက မြို့ပေါ်မှာ မနေရဲတော့ ပြန်ဘူး ၊ ည ဘက်လည်း စိတ်ချလက်ချ အိပ်လို့မရဘူး ၊ ငုတ်တုတ်မိုးလင်းနေကြရတယ်” လို့ သံတွဲမြို့မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။
သံတွဲမြို့ဟာ အမ်းမြို့နဲ့ ဂွမြို့ ကြားမှာ ရှိနေပြီး ဇွန်လ ကတည်းက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။
သံတွဲမြို့ဟာ ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းအတွက် အဓိက ကျတဲ့မြို့လည်းဖြစ်ပါတယ်။
Lemon(လေးဝတီ FM)ရေးသည်။
best winstrol brand
References:
https://controlc.com
References:
Casino cherokee nc
References:
https://graph.org/Best-Online-Casinos-Ranked-04-20
References:
Zoome casino jackpot slots
References:
https://graph.org/ripper-casino-review-bonuses-04-20
References:
Slot machine jackpot
References:
https://james-bond-film-casino-royale.online-spielhallen.de/
References:
Leverkusen
References:
https://gta-casino-hack.online-spielhallen.de/
References:
Bergisch Gladbach
References:
https://new-casino-no-deposit-bonus.online-spielhallen.de/
References:
Global gaming expo
References:
https://graph.org/Lightning-Link-Casino-App-04-27
References:
Slot machines games
References:
https://graph.org/Does-Gambling-Show-On-Your-Credit-Report-04-27
References:
Ceasar casino mapnova.com.co