တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ် က ကူးတို့လေးကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အတွက် ရွာသား ၅ ဉီးသေဆုံးခဲ့ပါတယ်။
ဂွမြို့နယ် ကူးတို့လေးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်ကလေကြောင်းက တိုက်ခဲ့ပြီး အမျိုးသမီး နှစ်ဦး နဲ့ အမျိုးသား သုံးဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
“လေကြောင်းက လက်နက် ထိတဲ့ အထဲမှာ ဂွမြို့မှာ စစ်ပွဲဖြစ်ကတည်းက စစ်ရှောင်တွေကို မြေပြင်မှာ ကူညီနေတဲ့ ညီလေးတစ်ယောက်ရဲ့အိမ်ကို ထိပါတယ်။ သူ့မိသားစုတွေ ထိခိုက်ပါတယ် ၊ သူ့ အဖွားနဲ့ သူ့ခယ်မလေး ဆုံးသွားပါတယ်။ သူ့ညီကတော့ ဒဏ်ရာ ရသွားပါတယ်။ “ လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကူးတို့လေးကျေးရွာက ရွာသား ၇ ဦးဟာလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီဟာ ဂွမြို့နယ်ထဲ မြို့ပေါ်နဲ့ ကျေးရွာတွေကို လေကြောင်းက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
“အခုနောက်ပိုင်း က ပစ်ရင် လေယာဉ်ပေါ်က စက်သေနတ်နဲ့ ပါ ဆွဲပြီး ပစ်သွားတာ ဗုံး ထိတဲ့ သူထိ သေနတ်ထိတဲ့ သူထိ ဖြစ်ကုန်တယ်” လို့ သတင်းရင်းမြစ် က ပြောပါတယ်။
ကူးတို့လေး ကျေးရွာကို အောက်တိုဘာ ၁၂ ရက်ကလည်း လေကြောင်းကတိုက်ခိုက်ခဲ့ပြီး အရပ်သား နှစ်ဦးသေဆုူးခဲ့ပါသေးတယ်။
ဂွမြို့နယ် ကို သုံးပုံနှစ်ပုံလောက် သိမ်းပိုက်ပြီးပြီလို့ အာရက္ခတပ်တော်က ကြေညာပြီးနောက်မှာ
ဂွမြို့နယ် တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဟာ လေကြောင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Lemon(လေးဝတီ FM)ရေးသည်။
most trusted canadian online pharmacies
mexican pharmacy online medications
internet pharmacies
legitimate online pharmacy
safe online pharmacies in canada
canadian pharmacy no prescription
mexican pharmacies online