ရခိုင်ရိုးမ တောင်ကုတ် တောင်ကြားလမ်းပိုင်းပေါ်က တောင်ပုံကြီး ဂိတ်စခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး အဲ့ဒီစခန်းကို အဓိက ကွက်ကဲနေတဲ့ ဗိုလ်မှုးချုပ်ကောင်းမြတ် ဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။
တောင်ပုံကြီးဂိတ်ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ချိန်မှာ ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ အဖွဲ့ဟာ ပြည်ဘက်ကို ဆက်လက်ထွက်ပြေးသွားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“စကခ(၅) တပ်မှူးကောင်းမြတ်နဲ့ အဖွဲ့ကတော့ ဆက်ပြေးနေတုန်းပဲ ၊ တောင်ပုံကြီးစခန်းမှာလည်း မမိလိုက်ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ အမ်းတောင်ကြားလမ်းပိုင်းပေါ်က အမ်းဘက်အခြမ်းမှာ ရှိတဲ့ စစ်ဆေးရေးဂိတ်တွေ အကုန်လုံးကိုလည်း သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။
တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းပေါ်က တောင်ပုံကြီး ဂိတ်စခန်းဟာလည်း တောင်ကုတ်ဘက်အခြမ်းက နောက်ဆုံးစစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာပန်းတောင်း မြို့ အဝင်ဂိတ်အထိ တပ်ဆုတ်သွားပြီး အဲ့ဒီဘက်မှာ ခုခံစစ်ကို ပြန်လည်ပြင်ဆင်နေပြန်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်ရိုးမတကျောက စစ်ကောင်စီဂိတ်တွေကို အပြီးသတ်သိမ်းပိုက်နေပြီး ဇန်နဝါရီလ ပထမ အပတ်မှာ ရခိုင်ရိုးမပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်ထဲမှာ ထိုးစစ်ဆင်ဖို့ စစ်တွေ ၊ ကျောက်ဖြူ ၊ နဲ့ မာန်အောင်မြို့တို့ ကျန်ရှိနေပြီး အဲ့ဒီမြို့တွေကို စစ်ကူပို့နိုင်မယ့် ကုန်းလမ်းတွေကို ဖြတ်တောက်လိုက်တာလည်းဖြစ်ပါတယ်။
အမ်းချောင်းသူ (လေးဝတီ FM)
pharmacy review
canadian family pharmacy
rx prices
safe online pharmacy
canada pharmacies prescription drugs
aarp recommended canadian pharmacies
online pharmacy review