ရခိုင်ပြည်၊ စစ်တွေမြို့နဲ့ မြို့ပြင်ဧရိယာ တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ အတူ စစ်သင်တန်းဆင်းမွတ်ဆလင် အင်အား ထောင်နဲ့ချီပြီး နေရာယူ ထားတယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့နဲ့ စစ်ဆေးရေးဂိတ်တွေမှာ အဲ့ဒီသင်တန်းဆင်းထားတဲ့ မွတ်ဆလင်လူငယ်တွေကို လက်နက်တပ်ဆင်ပေးထားပြီး ဒါဟာ ရခိုင်တွေနဲ့ ပဋိပက္ခဖြစ်ပွားလာအောင်ဖန်တီးထားတဲ့ အသွင်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အရင်ကတော့မရှိဘူး ၊ အခုကနေရာစုံမှာစစ်ကောင်စီတပ်ဖွဲ့၀င်နဲ့ မူဆလင်စစ်သင်တန်းဆင်းတွေကိုတွေ့ရတယ်။မူဆင်လင်လူငယ်တွေကအကုန်လုံး၀တ်စုံတွေနက်သေနတ်တွေနဲ့ ဂိတ်တိုင်းမှာ ဒေသခံတွေကို စစ်ဆေးတယ်။ စစ်ကောင်စီရဲ့ အမိန့်အတိုင်း အာဏာပါဝါပြတာတွေ လုပ်တယ်။ လူမျိုးရေးပြသနာဖြစ်အောင် လုပ်ထားသလို ဖြစ်နေပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
အဲ့ဒီစစ်မှုထမ်းမွတ်ဆလင်လူငယ်တွေဟာ စစ်တွေမြို့နယ် အတွင်းက စစ်ရှောင်စခန်းတွေကနေ ခေါ်ယူစစ်သင်တန်းပေးထားပြီး အခုလအတွင်းမှာ မြေပြင်မှာ နေရာချစေခိုင်းလာတာဖြစ်တယ်လို့ စစ်တွေမြို့ခံတစ်ဦးက ရှင်းပြပါတယ်။
အဲ့ဒီ မွတ်ဆလင်လူငယ်တွေကို ဒေသကွပ်ကဲမှုစစ် ဌာန ချုပ် (ဒကစ) နဲ့ ခလရ (၂၀)ခလရ ( ၂၃၂) အမှတ် ၁၂ ၊ အမှတ် ၃၆ ရဲတပ်ရင်းတို့မှာ တိတ်တဆိတ် စစ်သင်တန်းပေးပြီး ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်း၊ ရွှေမင်းဂံ၊ ဆပ်ရိုးကျ၊ အမြင့်ကျွန်း တံတားနဲ့ ကျားမသောက်ဂိတ် အပါ အဝင်မြို့တွင်း ၊ မြို့ပြင်နေရာတွေမှာ အခုလို စစ်ကောင်စီယူနီဖောင်းဝတ်ဆင်ထားတဲ့ မွတ်ဆလင်စစ်သင်တန်းဆင်းအမြောက်အများ ရှိတယ်နေလို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
“လမ်းတိုင်း၊ ဂိတ်တိုင်းမှာ မူဆလင် စစ်မှုထမ်းတွေပါတယ်။ မြို့ခံတွေကိုဧည့်စာရင်းစစ်လည်းတာက စစ်သင်တန်းဆင်မွတ်ဆလင်တွေဖြစ်နေပြီ ၊ တမင်ရည်ရွယ်ပြီး ပွဲထုတ်နေတဲ့ ပုံစံဖြစ်နေတယ်” လို့ စစ်တွေ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ရခိုင်စစ်မျက်နှာပြင် တိုက်ပွဲတွေမှာ အကျအရှုံးများပြီးနောက် စစ်မှုထမ်းသင်တန်းဆင်းတွေကို တိုက်ပွဲတွေမှာ အများအပြားအသုံးချလာတာဖြစ်ပါတယ်။
စစ်တွေ နဲ့ ကျောက်ဖြူမြို့တွေမှာတော့ သူတို့ကိုယ်တိုင်မြို့ပြင် ဒုက္ခသည်စခန်းတွေ မှာ ပိတ်လှောင်ထားတဲ့ မွတ်ဆလင်လူငယ် အုပ်စုလိုက်ကို ခေါ်ယူပြီး အခုလို အသုံးချနေတာဖြစ်ပါတယ်။
အဥ္စနလီညှင်း လေး၀တီ(FM)
Pinco Casino открывает мир азартных развлечений с удобной платформой.
Пинко Казино
Регулярные акции делают игру еще более выгодной.
https://pediatrics.school/bitrix/redirect.php?goto=https://nationaldppcsc.cdc.gov/s/profile/005SJ00000kigDx
https://matras-promtex.ru/