ရခိုင်ပြည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ အမ်းမြို့ ပတ်ဝန်းကျင်က စစ်ကောင်စီရဲ့ စစ်ခန်းတွေကို ရှင်းလင်းခြင်း ၊ မြေမြုပ်မှိုင်းတွေကို တူးဖော်ခြင်းတွေ ပြုလုပ်တဲ့အချိန်မှာ မယုံကြည်နိုင်ဖွယ် ယတြာအစီအရင်တွေ ကို အဆင့်အတန်းနိမ့်ပါးစွာပြုလုပ်ထားတာကိုတွေ့ရှိရတယ်လို့ မြေပြင်သတင်းပေးပို့သူက ပြောကြားလာပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်း အတွင်းအပြင်နဲ့ အမ်းမြို့အတွင်းက ရပ်ကွက်ကြို ၊ရပ်ကွက်ကြားတွေမှာ ပဋ္ဌာန်းကျမ်းတော်မှာ ပါဝင်တဲ့ စာသားတွေကို ကျဉ်ဆံ၊ လက်နက်၊ မြေမြုပ်မှိုင်း၊ ကာကင်း ဘန်ဘာ ၊ စစ်ဝတ်စုံတွေ မှာ ကပ်ထားပြီး တိုက်ပွဲကို ဆင်နွဲခဲ့တယ် လို့ ဆိုပါတယ်။
” အမ်းမှာသိမ်းဆည်းရမိတဲ့စစ်ကောင်စီလက်နက် နဲ့ ခဲယမ်းမှာ အများဆုံးတွေ့ရတယ်။ သူတို့ကိုဖမ်းစီးရမိတဲ့ အခါလည်း၀န်ခံပြောဆိုပါတယ်” လို့ သတင်းရင်းမြစ် က ပြောပါတယ်။
စစ်ကောင်စီဟာ ဗုဒ္ဓဘာသာ ဘုရားဟောစာပေတွေကို လက်နက်တွေမှာအသုံးပြုတာ ၊ စစ်ပွဲအတွင်းမှာ ယတြာအဖြစ်အသုံးပြုတာတွေ ပြုလုပ်ခဲ့ပေမယ့် မြေပြင်မှာ တော့ ဘုရားကျောင်းကန်တွေ ကို ဖျက်ဆီးခဲ့တာကိုလည်း တွေ့ရှိရပါတယ်။
“အမ်းမြို့ အောက်ရွာထဲသူတို့၀င်လာတယ်။ သူတို့ကိုးကွယ်တဲ့ အောက်ရွာဆရာတော်ကို တောင်ကျောင်းကဆင်းခိုင်းတယ်၊ ပြီးတော့ဘုရားကျောင်း နဲ့ စေတီ ကို ကာကင်းလုပ်ပြီး တိုက်ခဲ့တယ်၊ စစ်ပွဲပြီးတဲ့ အချိန်မှာ ဘုန်းကြီးကျောင်းပတ်လည်မှာ ပဋ္ဌာန်းစာသားတွေ ပါတဲ့ မိုင်းတွေ ထောင်ခဲ့တယ် ၊ ကျောက်းကိုလည်း ဖျက်ဆီးခဲ့တယ်” လို့ အမ်းမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အမ်းမြို့ ၊ တောင်ကုတ်မြို့ နဲ့ ရခိုင်ပြည်နယ်က စစ်ကောင်စီ ခန်းတွေမှာ အန္တာရာယ်ကင်းဂါထာတွေကို ရွက်ဆိုတာတွေ၊ စာသားတွေကို နေရာအနှံ့မှာ ကပ်ထားတာတွေ ၊ အသုံးအဆောင် ပစ္စည်းတိုင်းမှာ ကပ်ထားတာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဉ္စနလီညှင်း ၊ လေး၀တီFM
Discover the thrill of real-money live casino action at how to install Maxispin casino app on Android, where you can enjoy live dealers, top software providers, and exclusive promotions.
Tools and resources are provided to help users manage their activity and preferences.
top casinos
References:
linkagogo.trade