Laywaddy FM

ဧရာဝတီ နဲ့ ရခိုင်ကြားမှာ စစ်ကောင်စီပြန်လည် စစ်ရေးလှုပ်ရှား လာ ၊ ဂွမြို့နယ်ကို လေကြောင်းတိုက်ခိုက်

ဧရာဝတီ နဲ့ ရခိုင်ကြားမှာ စစ်ကောင်စီပြန်လည် စစ်ရေးလှုပ်ရှား လာ ၊ ဂွမြို့နယ်ကို လေကြောင်းတိုက်ခိုက်

ရခိုင်နဲ့ ဧရာဝတီ တိုင်းအကြားမှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေပြီး နယ်နိမိတ်ထိစစ်နေတဲ့ ဂွမြို့နယ် ထဲ က ကျေးရွာတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က ဂွမြို့နယ် ကျိန္တလီမြို့နယ် ခွဲကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါအပြင် ဧရာဝတီတိုင်း ရေကြည်မြို့ နယ်ထဲက ကျေးရွာတွေကို စစ် အင်အား ရာနဲ့ ချီတဲ့ စစ်ကြောင်းတစ်ခု ထွက်လာတယ် လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ် ။

“လေယာဉ်က နေ့တိုင်းလာတယ်၊ ကျိန္တလီ ကို ဆိုရင် တစ်ပတ် အတွင်း နှစ်ကြိမ် ဗုံးကြဲပြီ ၊ တခြားရွာတွေကိုလည်းကြဲတယ် ၊ ပြီးတော့ မြေပြင်မှာဆိုရင် ရေကြည်မြို့ နယ်နဲ့ ဂွ အစပ်ကြားက ရွာတွေကို အင်အားနှစ်ရာကျော်နဲ့ စစ်ကြောင်း ထိုးပြီး စခန်းချနေတယ် ၊ ပြည်သူ တွေက သွားရေးလာရေး အဆင်မပြေဘူး ၊ စစ်ကြောင်း တွေက ရွာတွေမှာ ဖြန့်ပြီးနေရာယူထားတယ်” လို့ ရေကြည်မြို့နယ် က ဒေသခံတစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ဟာ ဧရာဝတီ တိုင်း ပုသိမ်ခရိုင် ထဲက သာပေါင်းမြို့နယ်၊ ရွှေသောင်ယံမြို့နယ် ၊ ရေကြည်မြို့နယ် တွေမှာ ရှိတဲ့
ရခိုင်ဘက်အခြမ်း နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေမှာ ကင်းပုံးတွေ ချထားပြီး ရခိုင်ပြည် ဂွမြို့ နယ်ဘက်ကို လေကြောင်းတိုက်ခိုက်လာတာ ဖြစ်ပါတယ်။

“သူတို့က ဒီဘက်က AA ရှိနိုင်မယ် ထင်တဲ့နေရာ ၊ ဆက်သွယ်ရေးလုပ်လို့ရတယ်လို့ ထင်တဲ့နေရာတွေ ကို လေယာဉ်နဲ့ လာလာပစ်တယ်၊ အဓိက က တော့ ဂွ ဘက်က AA သိမ်းထားပြီးဖြစ်တော့ သူတို့ ဘက်ကို ထိုးစစ်ဆင်ဖို့ တပ်တွေ ထားတယ် လို့ အထင်နဲ့ ရွာတွေကို ဗုံးကြဲနေတာ” လို့ ဂွမြို့နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော် AA ဘက်က ဝင်ရောက်တိုက်ခိုက်လာမှာ ကို စိုးရိမ်တဲ့ အတွက် စစ်ကောင်စီဟာ စစ်အင်အားကို အခုလို တိုးမြှင့်ချထားလာတာလည်းဖြစ်ပါတယ်။
ဂွမြို့နယ်ဟာ ဧရာဝတီတိုင်း နဲ့ ရေကြောင်းကရော ၊ ကုန်းမြေက ပါ ထိစပ်ဆက်သွယ်နေတဲ့ ရခိုင်ပြည်က မြို့နယ် တစ်ခု ဖြစ်တဲ့ အတွက် စစ်ကောင်စီ ဘက်က ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာကို ခံနေရ တာလည်းဖြစ်ပါတယ်။

AA ဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ် ထဲက ကမ်းခြေ ကျေးရွာအချို့ ကို သိမ်းပိုက်ထားပြီး ဧရာဝတီတိုင်း နဲ့ ရခိုင်အစပ် ၊ ပဲခူးရိုးမ နဲ့ ရခိုင်ရိုးမကြား ၊ မကွေးတိုင်း နဲ့ ရခိုင်ရိုးမကြား တို့ မှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒါအပြင် စစ်တွေ မြို့ကိုလည်း လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်နေတဲ့ အရိပ်အယောင် ပြုလုပ်ထားပြီး ဘယ်နေရာကို ထိုးစစ်ဆင်နေပြီ လို့ အတိအကျ ထုတ်ပြန်ထားတာမျိုးမရှိသေးဘဲ လှုပ်ရှားနေတာဖြစ်ပါတယ်။

Lemon (လေးဝတီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *