Laywaddy FM

ကျိန္တလီ ကို ဂျက်ဖိုက်တာနဲ့ လာပစ် သားအမိနှစ်ဦိးသေဆုံး ၊ သုံးဦးဒဏ်ရာပြင်းထန်

ကျိန္တလီ ကို ဂျက်ဖိုက်တာနဲ့ လာပစ် သားအမိနှစ်ဦိးသေဆုံး ၊ သုံးဦးဒဏ်ရာပြင်းထန်

ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ သားအမိနှစ်ဦး သေဆုံးခဲ့ပါတယ်။

ကျိန္တလီမြို့ နယ် အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၃) ရပ်ကွက်ကို ထိမှန်ခဲ့ပြီး အမှတ်(၁) ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်လှအေး နဲ့ သူ့သားဖြစ်သူ (မောင်ဖြူလေး) တို့ ဟာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရရှိပါတယ်။

“ဗုံးက နှစ်လုံးကျတယ် (၁) ရပ်ကွက်က သားအစ်မိနှစ်ယောက် သေသွားပါတယ်၊ ကျန်တဲ့ သူတွေလည်း ခေါင်းမှာ ၊ကျောကုန်းမှာ လက်မောင်းမှာ ဒဏ်ရာတွေ ရထားပါတယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် ကျန္တလီမြို့ အမှတ်(၃) ရပ်ကွက်မှာနေထိုင်တဲ့ ကိုတင်သိန်း (၆၃) နှစ် မြင့်နိုင် (၃၇) ၊ ကိုလှတင် (၃၅)နှစ် သူတို့ ဦးခေါင်းနောက်ကျောခြေသလုံး တို့မှာ လက်နက် အစအန တွေ ထိမှန်ပြီး ဆေးကုသမှုခံယူနေရပါတယ်။

အမ်းချောင်းသူ (Laywaddy FM)

Kay Zue

Related Posts

One thought on “ကျိန္တလီ ကို ဂျက်ဖိုက်တာနဲ့ လာပစ် သားအမိနှစ်ဦိးသေဆုံး ၊ သုံးဦးဒဏ်ရာပြင်းထန်

  1. Этот увлекательный информационный материал подарит вам массу новых знаний и ярких эмоций. Мы собрали для вас интересные факты и сведения, которые обогатят ваш опыт. Откройте для себя увлекательный мир информации и насладитесь процессом изучения!
    Подробнее тут – https://vivod-iz-zapoya-2.ru/

Leave a Reply

Your email address will not be published. Required fields are marked *