Laywaddy FM

ရေကြည်မြို့နယ်မှာ AA ထိုးစစ်ပြင်းထန်(ခလရ (၃၆) နဲ့ ခလရ (၃၈) က တပ်သားတွေ ကစဉ့်ကလျားတပ်ဆုတ်နေ)

ရေကြည်မြို့နယ်မှာ AA ထိုးစစ်ပြင်းထန်(ခလရ (၃၆) နဲ့ ခလရ (၃၈) က တပ်သားတွေ ကစဉ့်ကလျားတပ်ဆုတ်နေ)

ဧရာဝတီတိုင်း ရေကြည်မြို့အနယ် ထဲ က ရခိုင်ရိုးမတောင်ခြေ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၃၆) နဲ့ ခလရ (၃၈) က တပ်သားတွေဟာ တောစပ်တောင်စပ်တွေကနေ ကစဉ့်အလျားနဲ့ တပ်ဆုတ်လာတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းမှာ ရေကြည်မြို့နယ် ငသိုင်းချောင်းအုပ်စု စာဉစမ်း တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ

ဝက်ကြီးကွင်း ၊ လက်ပန် ၊ ကနောင် ၊ သီတာကုန်းပြင် စတဲ့ ကျေးရွာတွေ အနီးက တောစပ်တောင်စပ်တွေမှာ ကစဉ့်ကလျားနဲ့ ထွက်ပြေးနေကြတယ် လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ပထမရက်က အင်အား ၁၀၀ ကျော် စစ်ကြောင်းထိုးသွားတယ်၊ နောက်ရက်ဆို ဒဏ်ရာတွေ နဲ့ ပြန်ပြေးလာကြတယ်၊ လယ်တဲတွေ မှာ ဝင်နေကြတယ်၊ တချို့ဆို့ ဖိနပ်တောင်မပါဘူး၊ ချောင်းဘေးတွေမှာ လည်း သွေးတွေ ၊ သေနတ်တွေ ၊ ကျည်ဆံတွေ ကျန်ခဲ့တာတွေ အများကြီးပဲ၊ အခုလည်း နောက်ဆုတ်လာတဲ့ကောင်တွေက ရွာသားတွေ ရဲ့ လယ်တဲတွေမှာ နေကြတယ် “ လို့ ရှေ့တန်းစစ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

တပ်ဆုတ်လာတဲ့အထဲမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၃၆) နဲ့ ခလရ (၃၈ ) က တပ်သားအများအပြားပါဝင်တယ် လို့ ဆိုပါတယ်။

ရေကြည်မြို့နယ် ၊ ငသိုင်းချောင်းမြို့နယ် တို့မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က

အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနဲ့ ခမရ (၃၀၈) တပ်ရင်း ၊ အမတ (၃၄၄) တပ်ရင်း တို့ ခုခံကာကွယ်နေတာဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဟာ ဇန်နဝါရီလ အတွင်းမှာ ဧရာဝတီတိုင်းကို ကမ်းမြှောင်တလျှောက်က ထိုးစစ်ဆင်ခဲ့ပြီး ငွေသောင်ယံ ၊ ဘောမိ တို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ထဲမှာတော့ ရေကြည် ၊ ငသိုင်းချောင်းမြို့နယ် တွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်သားတွေ မြေပြင်မှာအကျအဆုံးများနေတယ်လို့ သတင်းရရှိပါတယ်။

Lemon (Laywaddy FM )

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *