Laywaddy FM

မကွေးတိုင်းထဲ က စစ်ကောင်စီကာကင်းစခန်းကြီး တစ်ခုကို AA ဝင်သိမ်း

မကွေးတိုင်းထဲ က စစ်ကောင်စီကာကင်းစခန်းကြီး တစ်ခုကို AA ဝင်သိမ်း

ရခိုင်ပြည် အမ်း -ပဒန်းရိုးတောင်လမ်းပိုင်းပေါ်က မကွေးတိုင်း ငဖဲမြို့နယ်အပိုင် စစ်ကောင်စီ ကာကင်းစခန်းကြီးတစ်ခုကို ဖေဖော်ဝါရီ ၁၆ ရက်က အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပါတယ်။

အခုသိမ်းပိုက်လိုက်တဲ့ မထုံးဂိတ်ဟာ အမ်း – ပဒန်းရိုးတောင်လမ်းမပေါ် က နတ်ရေကန်ဗျူဟာရှေ့ က ကာကင်းစခန်းကြီးတစ်ခုဖြစ်ပါတယ်။ အဲ့ဒီမထုံးဂိတ်ဟာ အထက်တုံးကြီး ၊ အောက်တုံးကြီး ၊ မထုံး စတဲ့ ကျေးရွာသုံးခု ကို အသုံးပြုပြီး ကာကင်းလုပ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။

“မနေ့ညကတည်းက သိမ်းပိုက်တာပါစစ်ကောင်စီဖက်ကအသေများတယ်တချို့ဖမ်းစီးရမိတယ်” လို့ ရှေ့တန်းစစ်မြေပြင်သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

အခုသိမ်းပိုက်လိုက်တဲ့ မထုံးကာကင်းစခန်းဟာ နတ်ရေကန်ဗျူဟာရဲ့ ရှေ့တန်းခံစစ်အစိတ်အပိုင်းဖြစ်ပြီး အာရက္ခတပ်တော် ဘက်က နတ်ရေကန်ကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ မကွေးတိုင်း ၊ ပဲခူးတိုင်း တို့ က ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ အခြမ်းကို ထိုးစစ်ဆင်နေပြီး အဲ့ဒီ ရိုးမက စခန်းတွေကို သိမ်းပိုက်နေတာဖြစ်ပါတယ်။

” တိုက်ပွဲကပြင်းခဲ့တယ် ၃ ရွာလုံး ကို တပြိုင်နက်ဝင်တိုက်တာပါ။ စစ်ကောင်စီဘက်က နတ်ရေကန်ဗျူဟာက နေ
ဒရုန်းနဲ့ လက်နက်ကြီးအဆက်မပြတ် ပစ်ကူးပေး တယ် ၊ ဂျက်ဖိုက်တာဗုံးကြဲတယ်။”
လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီအင်အား ၂၀ ကျော်ကိုလည်း လက်ရဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

အဉ္စနလီညှင်း (Laywaddy FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *