Laywaddy FM

သံတွဲမြို့အနီးက ပုရစ် ၊ ရေကောက် ကျေးရွာသစ်ကို လက်နက်ကြီးကျ

ရခိုင်ပြည်နယ် သံတွဲမြို့အနီးက ပုရစ် ရေကောက် ကျေးရွာ ကို စစ်ကောင်စီ နေဗီက
ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ထိမှန် ခဲ့တယ် လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။
စစ်ကောင်စီနေဗီဟာ သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေပြီး ဒီကနေ့ မတ်လ
၃၀ ရက်နေ့မှာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာကို ကျရောက်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
\” ရွာအနေ အထားက တောင်ကုန်းကို မြေညှိပြီး အိမ်တွေ ဆောက်ထားတော့
ကုန်းမြင့်ပေါ်မှာဖြစ်တော့ အန္တာရယ် အရမ်းများတယ်၊ မနေ ရဲ ကြတော့ ဘူး \” လို့ ပုရစ်
ကျေးရွာမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ဒီကျေးရွာနဲ့ နီးစပ်သူတွေ ရဲ့ အဆိုအရ စစ်ကောင်စီ ရဲ့ ၁၀
နှစ်ကျော်ကြာသည်အထိအကောင်အထည် ဖော်လို့ မပြီးသေးတဲ့ ရေအားလျှပ်စစ်
စီမံကိန်းတည်ရှိတဲ့ ပုရစ် ၊ ရေကောက် ရွာ အဟောင်းမှာ အမြှောက်တပ် တစ်ခု
ရွှေ့ပြောင်းထားရှိတယ်လို့ ဆိုပါတယ်။
\”ဒီရွာက ရွာသားတွေကို အတင်းပြောင်းရွှေ့ခိုင်းထားတဲ့နေရာပါ ၊ မူလ ပုရစ် ရေကောက် ရွာ က
အခု ရေအားလျှပ်စစ် စီမံကိန်းလုပ်နေတဲ့ နေရာ အနီးမှာပါ ၊ အဲဒီမှာ စစ်သားတွေ
အထိုင်ချထားတယ် ၊ အမြှောက်ကားတွေလည်း ရွေ့ပြောင်းထားတယ် \” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဒီရက်သတ္တပတ် အတွင်းမှာ တောင်ကုတ်နဲ့ သံတွဲကြားက ကျေးရွာ တွေ
အနီးဝန်းကျင်ကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေပြီး ဒေသခံ တွေ ကို အထိတ်တလန့်
ဖြစ်စေနေတာလည်းဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အမ်းဘက်က စစ်ပွဲတွေဟာလည်း တောင်ကုတ် ၊ သံတွဲမြို့တွေ နဲ့
အလွန်နီးကပ်လာနေပြီး နေဗီတပ်တွေက တောတောင်တွေ ရှိတဲ့ ဒေသတွေကို ခြောက်လှန့်
ပစ်ခတ်နေပုံရတယ် လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

Shine Bu Chay

Related Posts

318 thoughts on “သံတွဲမြို့အနီးက ပုရစ် ၊ ရေကောက် ကျေးရွာသစ်ကို လက်နက်ကြီးကျ

Leave a Reply

Your email address will not be published. Required fields are marked *