Laywaddy FM

ပုဏ္ဏားကျွန်းမှာ သောက်သုံးရေ ပြသနာ စတင်ရင်ဆိုင်နေရပြီ

ပုဏ္ဏားကျွန်းမှာ သောက်သုံးရေ ပြသနာ စတင်ရင်ဆိုင်နေရပြီ

ခိုင်ပြည် မြို့အများစုဟာ နွေရာသီရောက်ရင် ရေရှားပါးမှုပြသနာတွေကို ရင်ဆိုင်ရပြီး ပုဏ္ဏားကျွန်းမြို့နယ်ကတော့ အခုဖေဖော်ဝါရီလ ထဲမှာပင် သောက်သုံးရေ ရှားပါးမှုကို စတင်ကြုံတွေ့နေရပြီလို့ သတင်းရရှိပါတယ်။

စစ်ရှောင်ပြည်သူများ တိုးများလာမှု နဲ့ လူဦးရေအခြေအနေကြောင့် အခုနှစ်မှာ ရေရှားပါးမှုကို အစောတလျင်ကြုံလာရတာဖြစ်တယ်လို့ လည်း ပုဏ္ဏားကျွန်းဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လတ်တလောမှာ ချိုးရေ နဲ့ သောက်သုံးရေ အတွက် မူလထက် ပိုဝေးတဲ့နေရာတွေကို သွားရောက် ခတ်ယူနေရကြရတယ်လို့ ဆိုပါတယ်။

ရေရှားပါးမှုပြသနာဟာ ရခိုင်တပြည်လုံးကြုံတွေ့ရတဲ့ ပြသနာ တစ်ခုဖြစ်ပြီး ရေအရင်းအမြစ် တွေ ကို ဖြုန်းတီးမှု မပြုလုပ်ဖို့ လည်း ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံးက PYA က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – Cheery Twan (PYA)

လေးဝတီ FM

Kay Zue

Related Posts

One thought on “ပုဏ္ဏားကျွန်းမှာ သောက်သုံးရေ ပြသနာ စတင်ရင်ဆိုင်နေရပြီ

Leave a Reply

Your email address will not be published. Required fields are marked *