ဓညဝတီရေတပ်ဌာနချုပ်တိုက်ခိုက်ခံရပြီးနောက် မှာ စစ်ကောင်စီတပ်သားတချို့ အရပ်သား စက်လှေတွေ နဲ့ ရေကြောင်းအသုံးပြုပြီးထွက်ပြေးနေကြတယ်လို့ သတင်းရရှိပါတယ်။
ဓညဝတီရေတပ်ဌာနချုပ် နဲ့ အနီးဝန်းကျင်မှာ ရှိတဲ့ကျေးရွာတွေ က ခံစစ်စခန်းတွေမှာ တာဝန်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၂၇ ၊ ၂၈ ရက်တွေမှာ အုပ်စုလိုက် စပြီး ထွက်ပြေးသွားကြတယ် လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။
“လေယာဉ်ကလည်း သူ့ဘက်ကိုယ့်ဘက်မသိဘဲ အကုန်ကြဲနေတယ်၊ လက်နက်ကြီးတွေ နဲ့ အပြန်အလှန်လည်း ပစ်နေကြတဲ့ အခါ ရွာဘက်တွေမှာရှိတဲ့ တပ်သားတွေ ထွက်ပြေးကြတာပါ ၊ တချို့စခန်းတွေ ဆို တပ်သားမရှိတော့ဘူး” လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။
ကုလားဘာ၊ မင်းပြင်၊ ဇင်ချောင်း၊ အလယ်ရွာသစ်၊ စစ်တော ၊ သစ်ပုတ်တောင် စတဲ့ကျေးရွာတွေ ကို စစ်ကောင်စီတပ်သားတွေက
စစ်ရှောင်ထွက်ခွာခွင့်မပြုဘဲ ပိတ်ထားတာဖြစ်ပါတယ်။
“လက်နက်ကြီး အမြှောက်စခန်းနေရာတွေနဲ့ ရေတပ်သဘော် က အဓိကခုခံနေတာ ၊ လက်နက်ငယ်တွေနဲ့ တပ်သားတွေ က ချောင်းစွယ်မြောင်းစွယ်တွေကို အကာအကွယ်ယူပြီး ထွက်ပြေးကြတယ် ၊ စက်လှေမောင်းတတ်တဲ့ ရွာခံသားတွေကိုလည်း လမ်းပြလုပ်ဖို့ခေါ်ကြတယ်” လို့ စစ်ပွဲအတွင်းက လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်သားတွေ ထွက်ပြေးနေတာဟာ ဓညဝတီရေတပ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက်မှာ ပိုမိုများပြားလာပြီး ၊ ရဲသားများ နဲ့ အဓမ္မစစ်သားစုဆောင်းခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ကျောက်ဖြူခံစစ်အတွက် စစ်မှုထမ်းသင်တန်းဆင်း တပ်သား ထောင်နဲ့ချီကို
ရန်ကုန်ဆိပ်ကမ်းက တဆင့် ရေတပ် သဘေ်ာတွေနဲ့ ပို့ဆောင်ထားတာဖြစ်ပါတယ်။
ဒါအပြင် ရေတပ်သဘေ်ာ အစီးရေ နှစ်ဆယ်ထက်မနည်းဟာလည်း ကျောက်ဖြူမြို့ ပတ်လည်က ပင်လယ်ပြင်မှာထားရှိထားတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့ ပြင်မှာရှိတဲ့ စစ်ရှောင်စခန်းတွေက မွတ်ဆလင်ဒုက္ခသည်တွေကို စစ်မှုထမ်းသင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထာတာလည်းဖြစ်ပါတယ်။
Lemon (လေးဝတီ FM)
A convenient car catalog http://www.auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.