Laywaddy FM

ကျောက်ဖြူမြို့နယ် ကြတ္တိန် ကျေးရွာကို ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲနေတာကြောင့် လူနေအိမ် ၄၅ လုံး နဲ့ စပါးသိုလှောင်ရုံများ ပျက်စီး

ကျောက်ဖြူမြို့နယ် ကြတ္တိန် ကျေးရွာကို ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲနေတာကြောင့် လူနေအိမ် ၄၅ လုံး နဲ့ စပါးသိုလှောင်ရုံများ ပျက်စီး

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် တိုက်နယ်ရှိ ကြတ္တိန် ကျေးရွာကို စစ်ကောင်စီ လေကြောင်းကနေ ထပ်မံ ဗုံးကြဲ နေတယ်လို့ သတင်းရရှိပါတယ်။

“ဒီနေ့ မနက်မှာ ဗုံး ၄ လုံးလာကြဲတယ်၊ အိမ် လည် ၄၅ လုံး ပျက်စီးသွားပြီ၊ စပါးရုံတွေကိုလည်း ကျတယ်” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

“မနေ့က နေ့လည်ဖက် ကတည်းက ဒရုန်းနဲ့ချနေတာ ၊ ကျောင်းအ၀င်ဝ နဲ့ ဓမ္မာရုံကို ကျတယ် ၊ ပြိုသွားတယ်”လို့ လည်း ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြတ္တိန်ကျေးရွာဘုန်းတော်ကြီးကျောင်း မုခ်၀ ၊ ဓမ္မာရုံ နဲ့ နေအိမ် အများ အပြား ပျက်စီးနေတာ ဖြစ်ပြီး လူအသေအပျောက် ရှိမရှိကိုတော့ ထပ်မံ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သစ်ပုတ်တောင်တိုက်နယ် နဲ့ ဂုံးချွန်တိုက်နယ်ရှိ ကျေးရွာများကို လေကြောင်း အဓိကထား ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပြီး ယခုလအတွင်းကျေးရွာ ၄ ရွာ ထက်မနည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။

“အခုက ရှောက်ချောင်း၊ ကပ်သပြေ၊ ဦးးကင်း၊ ကြတ္တိန် ရွာတွေ ဖက်ကို အဓိကထားတိုက်ခိုက်နေတယ် ၊ ရွာလည်းမီးလောင် ပျက်စီးသွားပီ”လို့ဆိုပါတယ်။

စစ်ကောင်စီဟာ မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ကြတ္တိန်ကျေးရွာကို တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ အခုလိုရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မကြာခင်မှာ ကြတ္တိကျေးရွာနဲ့ နီးတဲ့ ငလပွေ မြို့ပေါ်ကိုလည်းတိုက်ခိုက်လာနိုင်တာကြောင့် မြို့ခံအများအပြားကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

အမ်းချောင်းသူ

လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *