မကြာခင်ကျရောက်တော့မယ့်မိုးရာသီ ကာလ အတွက် အထူးလိုအပ်နေတဲ့ ရောဂါကုသရေးဆေးဝါး တွေ ရခိုင်ပြည်မှာ မရှိသေးဘူး လို့ နယ်လှည့်ကုသရေး တွေ လုပ်ဆောင်နေသူတွေ ဆီက သတင်းရရှိပါတယ်။
ရခိုင်ပြည်ဟာ မိုးများဒေသဖြစ်ပြီး တုတ်ကွေး ၊ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေဟာ နှစ်စဉ်ကြုံတွေ့ရတဲ့ ရောဂါတွေလည်းဖြစ်ပါတယ်။
ဒေသတွင်းနေထိုင်သူတွေ အနေနဲ့ ဒီရောဂါတွေ ဖြစ်လာခဲ့ရင် ကုသစရာ ဆေးဝါးမရှိသေးဘူးလို့ အရပ်ဘက်ဆေးကုသရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ဆေးတွေက ရှားတယ် ပြီးတော့ ဈေးတွေလည်းကြီးတယ်၊ အလှူရှင်တွေ ကို အားထားနေရပေမယ့် အလှူတွေလည်း နည်းလာတဲ့ အတွက် ဘာဆက်လုပ်ရမယ်မှန်းတောင်မသိသေးဘူး” လို့ ငပလီစုပေါင်းပရဟိတ အသင်းက ငွေကြေး ဝန်ခံက ပြောပါတယ်။
ဒီရောဂါတွေဟာ ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ ရောဂါတွေ ဖြစ်ပြီး ၊ ကူးစက်လွယ်ရောဂါဖြစ်တဲ့အတွက် စိတ်ပူစရာဖြစ်တယ်လို့ ကူညီသူတွေက သုံးသပ်ပါတယ်။
သံတွဲ ခရိုင်ကနေ တောင်ဘက်တကျော ကို ကျေးရွာများအထိ သွားရောက်ကုသ ပေးနေပေမယ့် လက်ကျန်ဆေးတွေ နည်းလာတဲ့ပြသနာ နဲ့ ရင်ဆိုင်နေရပြီလို့ သူက ဆိုပါတယ်။
ပြည်သူတွေ အနေနဲ့ ပရိဟိတ အဖွဲ့တွေ မရောက်ရှိတဲ့နေရာတွေမှာ နာမကျန်းဖြစ်ရင် ဆေးကုသစရိတ်ဟာ သိန်းနဲ့ချီကုန်နေတဲ့ အတွက် ကျန်းမာရေးအတွက် အခက်အခဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
“ရိုးရိုး နေမကောင်းတခါဖြစ်ရင် သိန်းနဲ့ချီ ကုန်တယ် ၊ဆေးသွားကုရတဲ့နေရာ ဝေးတာနဲ့ ဆေးဝါးတွေဈေးကြီးတာ နဲ့ မချောင်ဘူး” လို့ အရပ်သားတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ နယ်လှည့်ဆေးဝါးကုသရေးအတွက် တစ်ခေါက်လျှင် ရွာစဉ် သုံးခုလောက် သွားနေပြီး အဲ့ဒီတစ်ကြိမ်စာကို ကျပ်ငွေ သိန်း ၄၀ လောက်ကုန်ကျနေတယ်လို့ ဆိုပါတယ်။
ULA/AA ရဲ့ ထိမ်းချုပ်နယ်မြေတွေ ထဲ မှာ လွတ်လပ်စွာ ဆေးဝါးကုသနိုင်ပေမယ့် လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူဖို့ ခက်ခဲနေတာ ဟာ လတ်တလော ကြုံနေရတဲ့ ပြသနာ ဖြစ်နေတာပါ။
ငြိမ်းချမ်းစေ ၊ လေးဝတီ FM
Эта информационная заметка содержит увлекательные сведения, которые могут вас удивить! Мы собрали интересные факты, которые сделают вашу жизнь ярче и полнее. Узнайте нечто новое о привычных аспектах повседневности и откройте для себя удивительный мир информации.
Получить дополнительную информацию – https://vivod-iz-zapoya-2.ru/