Laywaddy FM

ULA/AA ရဲ့ ထိမ်းချုပ်ထားတဲ့မြို့တွေမှာ သက်ြန်ပွဲတော် မကျင်းပ

ULA/AA ရဲ့ ထိမ်းချုပ်ထားတဲ့မြို့တွေမှာ သက်ြန်ပွဲတော် မကျင်းပ

ULA/AA ထိမ်းချုပ်ထားတဲ့ ရခိုင်ပြည် က မြို့ ၁၄ မြို့မှာ သက်ြန်ပွဲတော် ကို မကျင်းပ ဘဲ တိတ်ဆိတ်စွာ ဖြတ်သန်းနေတယ် လို့ မြေပြင် သတင်းအချက်အလက်တွေ အရသိရပါတယ်။

ရခိုင် သက်ြန်ပွဲတော် ကို နံ့သာသွေးခြင်း ၊ ဘုရားရေသပ္ပါယ်ခြင်းတို့ကို ရခိုင် ရိုးရာဓလေ့အတိုင်း ပြုလုပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ သက်ြန်ကာလ ကို တိတ်ဆိတ်စွာဖြတ်သန်းနေကြတယ် လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ဆောင်းဘောက်တွေ မဖွင့်ရဘူး၊ ရေကစား တွေ မဏ္ဍပ်တွေ မဆောက်ရဘူး ဆိုတော့ သက်ြန်ရယ်လို ပီပီပြင်ပြင်မရှိဘူး၊ ကလေးတွေ တော့ တစ်စုတစ်စု ရေဆော့ကြတယ် ၊ သက်ြန်လည်တာတို့ ဘာတို့ မရှိဘူး ၊ လေယာဉ်က လည်းနေ့တိုင်းဝဲတယ်” လို့ ထိမ်းချုပ်နယ်မြေ တစ်နေရာမှာ နေထိုင်တဲ့ဒေသခံ က ပြောပါတယ်။

ULA/AA အနေနဲ့ သက်ြန်ကာလမှာ ပြည်သူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲ့ဒီစည်းကမ်းချက်တွေထဲမှာ သက်ြန်ကာလအတွင်း သက်ြန်ကားတွေ နဲ့ ရေပက်ခံမထွက်ဖို့ ၊ ဆောင်းဘောက်တွေ မဖွင့်ဖို့ ၊

ရေကအစားမဏ္ဍပ်တွေ မဆောက်ဖို့ ပါဝင်ပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ မြို့မှာတော့ စစ်ကောင်စီပြည်နယ်ဝန်ကြီး ဦးထိန်လင်းက ဦးဆောင်ပြီး သက်ြန်ပွဲကို ကျင်းပနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- လောင်းလှေများဖြင့် ရေကစားသော ရခိုင်သက်ြန်ပုံရိပ်ဟောင်း

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *