Laywaddy FM

သကြ်န် ကာလအတွင်းမှာ စစ်သုံ့ပန်း ၁၅၀ ကျော် AA လွှတ်ပေး

သကြ်န် ကာလအတွင်းမှာ စစ်သုံ့ပန်း ၁၅၀ ကျော် AA လွှတ်ပေး

ရခိုင်ပြည်သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ နဲ့ မိသားစုဝင် တွေကို ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ AA ဘက်က လွှတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းတွေထဲမှာ အမျိုးသား ၂၆ ယောက် ၊ အမျိုးသမီး ၈၃ ယောက်နဲ့ ကလေး ၆၁ ယောက်တို့ပါဝင်တယ်လို့ ULA/AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

” အခုလွှတ်ပေးတာက မင်းပြားမြို့ တိုက်ပွဲမှာ ဖမ်းမိထားတဲ့ သူတွေဖြစ်ပါတယ်၊ သူတို့ကို ထိမ်းသိမ်းထားတာ တစ်နှစ်ကျော်ပါပြီ ” လို့ လေးဝတီ FM ကို အတည်ပြုပါတယ်။

မင်းပြားမြို့ကို ၂၀၂၄ ဖေဖော်ဝါရီလ မှာ AA က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်သိမ်းတိုက်ပွဲ အတွင်းမှာ စစ်ကောင်စီတပ်သား ထောင်နဲ့ ချီကို ULA/AA ဘက်က ဖမ်းဆီးထိမ်းသိမ်းထားတာဖြစ်ပါတယ်။

အခုလွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းတွေဟာ ခမရ ၃၈၀ ၊ ခမရ ၃၇၉ နဲ့ ခမရ ၅၄၁ တပ်ရင်းတွေက စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

အဉ္စနလီညှင်း ၊ လေးဝတီFM

Kay Zue

Related Posts

2 thoughts on “သကြ်န် ကာလအတွင်းမှာ စစ်သုံ့ပန်း ၁၅၀ ကျော် AA လွှတ်ပေး

Leave a Reply

Your email address will not be published. Required fields are marked *