Laywaddy FM

ULA/AA ရဲ့နိုင်ငံရေးမှူး ဦးဦးလှစော (ခ) ကဗျာဆရာ မောင်ခိုင်အောင်ကွယ်လွန်

ULA/AA ရဲ့နိုင်ငံရေးမှူး ဦးဦးလှစော (ခ) ကဗျာဆရာ မောင်ခိုင်အောင်ကွယ်လွန်

ULA/AA ရဲ့ နိုင်ငံရေးမှူး အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးဉီးလှစော (ခ) ကဗျာဆရာ မောင်ခိုင်အောင်ဟာ လွတ်မြောက်နယ်မြေ တနေရာမှာ ဆေးကုသနေရင်း ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။

ဉီးဉီးလှစောဟာ ပါတီနိုင်ငံရေး လှုပ်ရှားမှုတွေ ကာလကြာမြင့်စွာ လုပ်ကိုင်ခဲ့ သလို လက်ရှိမှာ ULA/AA ရဲ့ အကြီးတန်းနိုင်ငံရေးမှူး အဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ULA/AA ၏ ဗီတာ (၂) စစ်ဒေသ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ပါတယ်။

မေလ ၅ ရက် ည ၁၁ နာရီမှာ ကွယ်လွန်ခဲ့ ပြီး သူ သေဆုံးချိန်မှာ အသက် (၇၂) နှစ်ရှိပြီဖြစ်ပါတယ်။

ဉီးဉီးလှစော ကို ဖခင် ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူတို့မှ ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (၁၃၁၅ ခု ကဆုန်လပြည့်နေ့)မှာ မွေးဖွားခဲ့ပြီး အကြီးဆုံးသားဖြစ်ပြီး အခု ၉၆ ပါးရောဂါနဲ့ အသက် (၇၂) နှစ်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။

၂၀၁၀ ပြည့် ရွေးကောက်ပွဲကာလအတွက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ပြီး အထွေထွေအတွင်းရေးမှူးတာဝန် ကို စတင်ထမ်းဆောင်ပြီး ပါတီနိုင်ငံရေးကို စတင်ခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ ပူးပေါင်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ပါတယ်။

လေးဝတီFM

Kay Zue

Related Posts

5 thoughts on “ULA/AA ရဲ့နိုင်ငံရေးမှူး ဦးဦးလှစော (ခ) ကဗျာဆရာ မောင်ခိုင်အောင်ကွယ်လွန်

  1. В каталоге представлены проверенные провайдеры и актуальные игровые новинки.
    Pinco Casino
    Пинко Казино — это оптимальное сочетание функциональности и выгодных условий.

Leave a Reply

Your email address will not be published. Required fields are marked *