ရခိုင်ပြည် မြောက်ဦးမြို့ အပါအဝင် လွတ်မြောက်မြို့တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ ပေါ်ပေါ်ထင်ထင်လုပ်ကိုင်လာကြပြီး အရေးပေါ်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဉီး မြောက်ဦးမြို့ အပါအဝင် မြေပုံ ၊မင်းပြား၊ ပေါက်တော၊ကျောက်တော် မြို့တွေက လူငယ်တွေဟာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို မြင့်တက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
“မူးယစ်ဆေးသုံးစွဲနေတာ ကလူငယ်တွေနဲ့လူလတ်ပိုင်းတွေများတယ်။ အယင်ဆိုအရက်သောက်ကြတယ်အခုကအရက်ထက် WY ဆေးကိုသုံးကြတယ်။ AA က တာ၀န်ရှိသူတွေကလည်း ဖမ်းတာတော့ရှိတယ်။ဒါပေမဲ့မူးယစ်ဆေးတွေက ဈေးကွက်ထဲမှာ ရှိနေသေးတယ် လမ်းကြောင်းတွေ ရှိနေကြတယ်” လို့ မြောက်ဦးဒေသခံတစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။
မြောက်ဦးမြို့ တောတောင် တွေ အနီးနဲ့ ဘုရား ၊ ပုထိုး စေတီနားတွေမှာ နေ့စဉ် နီးပါး ဆိုသလို မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက်ခဲ့တာ ၂၀၁၉ ခုနှစ်ကတည်းက ဖြစ်ပြီး လက်ရှိအချိန်ထိလျော့ကျသွားခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
“အခုလိုအချိန်မျိုးမှာ မူးယစ်ဆေးဝါးတွေသုံးစွဲဖို့ အခွင့်ရနေသူတွေ၊ ရောင်းချဖို့ အခွင့်ရနေသူတွေကို ထိထိရောက်ရောက် ကိုင်တွယ်စေချင်ပါတယ်” လို့ ပုဏ္ဏားကျွန်း ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
အခုလိုပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘူးသီးတောင်၊ ရသေ့တောင် ၊မောင်တော ဘက်ကနေ အများစုဝင်ရောက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခကို အခွင့်အကောင်းယူပြီး မူးယစ်ဆေးဝါးသယ်ယူ တဲ့ လမ်းကြောင်းတွေ ၊ မှောင်ခိုလမ်းကြောင်း တွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
လတ်တလောမှာ ရခိုင်ပြည်ကို လူသုံးကုန် နဲ့ ဆေးဝါးတွေ တင်သွင်းဖို့ ခက်ခဲနေချိန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မယ့် လမ်းကြောင်းတွေ ပေါ်ပေါက်နေခြင်း အပေါ် ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။
ဓာတ်ပုံ- DMG
အမ်းချောင်းသူ ၊ လေး၀တီFM
Лучшее казино up-x играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.
заклепка вытяжная 5 заклепка вытяжная
Раньше заходил на кракен сайт через старые адреса kra46.cc и kra46.at
дизайн комнат в доме дизайн проект коттеджа
дизайн квартир м дизайн двухкомнатных квартир 40 кв м
полотенцесушитель вода полотенцесушитель вертикальный