Laywaddy FM

ပလက်၀မြို့နယ် စစ်သုံ့ပန်း မိသားစုဝင်တွေကို AA ပြန်လွှတ်ပေး

ပလက်၀မြို့နယ် စစ်သုံ့ပန်း မိသားစုဝင်တွေကို AA ပြန်လွှတ်ပေး

ပလက်ဝမြို့သိမ်တိုက်ပွဲတွင်ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း၊ မိသားစုဝင်တွေကို အာရက္ခတပ်တော်မှလူသားချင်းစာနာထောက်ထားတဲ့အနေဖြင့် လွှတ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

မေလ ၂၄ ရက် နေ့လည် ၁ နာရီကျော်အချိန် မှာ စစ်သုံ့ပန်း၊ ရဲသုံ့ပန်း၊ အခြား ဆက်စပ်ဖမ်းမိတဲ့သုံ့ပန်းမိသားစုဝင် ၃၃ ယောက်ကို အာရက္ခတပ်တော်မှ လွတ်ငြိမ်းခွင့်ဖြစ် အခန်းအနားလုပ်ပြီး လွတ်ပေးလိုက်တယ်လို့ ပလက်၀ဒေသခံ ULA အဖွဲ့၀င်တစ်ဉီးက ပြောပါတယ်။

“နေ့လည် ကလွတ်ပေးတာပါ မိသားစု၀င်တွေလည်းရောက်ကြပါတယ်အခုတော့အိမ်ပြန်ဖိုးအတွက်အကုန်စီစဉ်ပြီးပါပြီ”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီမိတဲ့သူတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ စောင့်ရှောက်ထားပြီးတဲ့နောက် အခုလို လွတ်ငြိမ်းချမ်းသာခွင်ပြုလိုက်တာဟာ ပလက်၀ မြို့နယ်တွင် ၈ ကြိမ်မြောက် ရှိပြီလို့ သူကဆိုပါတယ်။

“မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းစီးခံရပြီးနောက် ကျန်းမာရေး၊စား၀တ်နေရေးအစကူညီစောင့်ရှောက်ပေးတဲ့အတွက် AAကိုကျေးဇူးတင်ကြောင်း”ကိုလွှတ်ပေးခံစစ်သုံးပန်းများကပြောပါတယ်

လို့ နောက်ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။

အာရက္ခတပ်တော်(AA)သည်ယခုနှစ်အတွင်း ပလက်ဝမြို့ သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုတွေကို အခုလို ပြန်လွတ်ပေးတာ ၈ ကြိမ်ရှိပြီဖြစ်ပြီး အဲဒီအထဲမှာ လူပေါင်း ၃၀၀ နီးပါအထိရှိနေပြီလို့ ULA/AAနဲ့နီးစပ်သူထံ က သိရပါတယ်။

အာရက္ခတပ်တော်သည်ယခု၂၀၂၅ နှစ်အတွင်း ပလက်ဝမြို့နယ်အပါအ၀င် မင်းပြား၊မြောက်ဉီး၊ဘူးသီးတောင်တို့တွင်စစ်သုံ့ပန်းလွတ်ငြိမ်းခွင့်ပေးတာ မိသားစုဝင်ပေါင်း ၁၆၀၀ နီးပါးအထိရှိလာနေပြီဖြစ်ပါတယ်။

အဉ္စနလီညှင်း လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *