Laywaddy FM

OGT စီမံကိန်းပတ်၀န်းကျင်မှာ နေရာယူထားတဲ့ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးကျဉ်ထိမှန်(စကစ ဗိုလ်မှူးအဆင့် အပါအဝင် ၇ ဦးဒဏ်ရာရ)

OGT စီမံကိန်းပတ်၀န်းကျင်မှာ နေရာယူထားတဲ့ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးကျဉ်ထိမှန်(စကစ ဗိုလ်မှူးအဆင့် အပါအဝင် ၇ ဦးဒဏ်ရာရ)

ကျောက်ဖြူ OTG တရုတ်စီမံကိန်း ပတ်၀န်းကျင် တပ်စွဲထားတဲ့ စစ်ကောင်စီဒရုန်းတပ်ဖွဲ့ကို လက်နက်ကြီးကျဉ်ထိမှန်ပြီး စကစဗိုလ်မှူးအဆင့် အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းတပ်ဖွဲ့ ၊ အမြှောက်တပ်ဖွဲ့ တွေဟာ ကျောက်ဖြူမြိုံ့ ဂုံးချွိန်ကျေးရွာ အနီးက OTG စက်ရုံဝန်းထဲမှာ တပ်စွဲထားကြပြီး ဒီနေ့ မေလ ၃၀ ရက်နေ့မှာ အဲ့ဒီဒရုန်းတပ်ဖွဲ့ရှိရာကို AA ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” လက်နက်ကျပြီး ပေါက်ကွဲပြီးတဲ့ အခါ သူတို့ကိုကားနဲ့ ကျောက်ဖြူဘက်ယူသွားတယ် ၊ မသေဘူး ဒဏ်ရာရသွားပုံပေါ်တယ် ၊ ဗိုလ်မှူးအဆင့် တစ်ယောက် ပါတယ် ၊ ထိတာကတော့ ဒရုန်းတပ်ကို ထိတာ “ လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကိုပြောပါတယ်။

စစ်ကောင်စီ ဗိုလ်မှူး တစ်ဦးနဲ့ အတူ ဒဏ်ရာ ရတဲ့သူတွေကို ကျောက်ဖြူမြို့ပေါ် မှာ ရှိတဲ့ တပ်ဆေးရုံကို အရေးပေါ်ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဒရုန်းတပ်ဖွဲ့ နေရာယူထားတဲ့ နေရာ ကနေ ဒရုန်းတွေနဲ့ နေ့စဉ် နီးပါးဆိုသလို လိပ်ခမော်ရွာဟောင်း၊ လိပ်ခမော်ရွာသစ် ၊ပြင်ရှည်ကျေးရွာ နဲ့ AA ရှိနိုင်တဲ့နေရာ တွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။

ကျောက်ဖြူ စစ်မျက်နှာပြင်အတွင် လက်ရှိ အပြင်းအထန်ဆုံးနေရာ ဟာ OTG စက်ရုံ အနီးဝန်းကျင်မှာ ဖြစ်နေပြီး ၊ စစ်ကောင်စီ ဘက်က အဲ့ဒီနေရာနဲ့နီးဆုံးက ကျေးရွာတွေကို အင်အာဖြည့်ထားတယ်လို့ ဆိုပါတယ်။

“အခု မိုးများနေလို့ သူတို့ ဘက်က ဒရုန်း မလွှတ်နိုင် ၊ လေကြောင်းလည်း မလာနိုင် အဲ့ဒါကြောင့်ပို အထိနာနေတယ် ” လို့ ကျောက်ဖြူ နောက်ထပ် စစ်ရေးသတင်းရင်းမြစ် တစ်ဦး က ပြောပါတယ်။

ကျောက်ဖြူ ရဲတပ်ရင် ၃၂ အနီးဝန်းကျင်က ကာကင်းစခန်းများ ၊ မလကျွန်း ၊ OTG စက်ရုံ အနီးဝန်းကျင်က ကာကင်းစခန်းတွေကို စစ်ကောင်စီဘက်က ရေတပ် အင်အား ၊ ကြည်းတပ်အင်အား ၊ ၁၀၀၀ ကျော်နဲ့ အင်အားဖြည့်ထားတာဖြစ်ပါတယ်။

အဉ္စနလီညှင်း လေး၀တီFM

Kay Zue

Related Posts

4 thoughts on “OGT စီမံကိန်းပတ်၀န်းကျင်မှာ နေရာယူထားတဲ့ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးကျဉ်ထိမှန်(စကစ ဗိုလ်မှူးအဆင့် အပါအဝင် ၇ ဦးဒဏ်ရာရ)

Leave a Reply

Your email address will not be published. Required fields are marked *