Laywaddy FM

နှင်းဖဲတောင်ကို တန်ပြန်ထိုးစစ်ဆင်လာတဲ့ ဒုဗိုလ်မှူးကြီး တစ်ဦး နဲ့ စစ်သုံ့ပန်း ၂၀ ကျော် AA လက်ရဖမ်းဆီး

နှင်းဖဲတောင်ကို တန်ပြန်ထိုးစစ်ဆင်လာတဲ့ ဒုဗိုလ်မှူးကြီး တစ်ဦး နဲ့ စစ်သုံ့ပန်း ၂၀ ကျော် AA လက်ရဖမ်းဆီး

ကျောက်ဖြူမြို့ နှင်းဖဲတောင် ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ ရဲ့ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် ၊ စစ်သုံ့ပန်း ၂၀ ကျော်ကို အေအေ ဘက်က လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မေလ ၃၀ ရက်ညပိုင်းက ကျောက်ဖြူမြို့ နှင်းဖဲတောင်စခန်းနဲ့ လိပ်ခမော် ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုနဲ့ အာရက္ခတပ်တော် တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်နဲ့ အတူ စစ်ကောင်စီ တပ်သားတွေကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ-ကြည်း/၃၇၅၃၂ ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းကြိုင် နဲ့ အတူ စစ်ကြောင်းမှာ ပါဝင်သူ တပ်သား နှစ်ဆယ်ကျော်ကို လက်ရဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

“သူတို့ ဘက်က ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်၊ စစ်ကြောင်းကို ခေါင်းဆောင်လာတဲ့ ဒုဗိုလ်မှူး ကို ဖမ်းမိထားတယ်၊ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရှိန်မြင့်လာတဲ့ ကျောက်ဖြူတိုက်ပွဲမှာ တပ်မ ၁၁ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင် နဲ့ အတူ အရာရှိ အဆင့် ၅ ဉီးခန့်သေဆုံးပြီး ၊ ဗိုလ်မှူးအဆင့် (၁) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါအပြင် အခု ဒုဗိုလ်မှူး တစ်ဦးကို လက်ရဖမ်းဆီးခဲ့ တာ ဖြစ်ပါတယ်။

အဉ္စနလီညှင်း ၊ လေးဝတီ FM

Kay Zue

Related Posts

10 thoughts on “နှင်းဖဲတောင်ကို တန်ပြန်ထိုးစစ်ဆင်လာတဲ့ ဒုဗိုလ်မှူးကြီး တစ်ဦး နဲ့ စစ်သုံ့ပန်း ၂၀ ကျော် AA လက်ရဖမ်းဆီး

Leave a Reply

Your email address will not be published. Required fields are marked *