အမ်း–ပဒါန်း ရိုးလမ်းမအနီးရှိ နတ်ရေကန် တိုက်ပွဲအတွင်းက စိတ်ဓာတ်ပျက်ပြားပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို ထဲက နှစ်ဦးကို စစ်ကောင်စီရဲ့ တပ်မ ၉၉ က ခေါ-င်းဖြတ်သတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
နတ်ရေကန်တောင်ပေါ်က MPT တာ၀ါစခန်းကုန်း သိမ်းပိုက်ခံရပြီးနောက်မှာ အဲ့ဒီရှေ့တန်းစစ်ပွဲထဲကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျားထွက်ပြေးခဲ့တာဖြစ်ပါတယ်။
“ထွက်ပြေးသွားတဲ့ စကစ တပ်သားတွေ ထဲက ၁၂ ယောက် ကို ပဒါန်းမြို့ အနီးအနားမှာဖမ်းမိတယ် လက်နက်ခဲယမ်းသိမ်းတယ် ပြီးတော့ ဉီးဆောင်တဲ့ နှစ်ယောက်ကို ခေါ-င်းဖြတ်သတ်သွားတယ်၊ ပဒါန်း သချိုင်းမှာပဲ မြုပ်သွားတယ်”လို့ ပဒါန်းမြို့ နယ် ထဲ က စစ်ကောင်စီ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဇွန်လ ၆ ရက်နေ့ ညပိုင်းမှာ တိုက်ပွဲက ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သား တွေ ၁၂ ဦးကို စစ်ကောင်စီရဲ့ တပ်မ ၉၉ က ပြန်လည်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၄ ရက်က နတ်ရေကန်တောင်ကြောတွင် မှာ တပ်စွဲထားတဲ့ MPT တာ၀ါစခန်းကုန်းကို AA ဘက်က သိမ်းပိုက်လိုက်ပြီးနောက် အဲ့ဒီ စခန်းက စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျားထွက်ပြေးခဲ့တာဖြစ်ပါတယ်။
တပ်မ ၉၉ ဟာ ပဒါန်းတပ်နယ်မှာ အထိုင်ချထားပြီး ရခိုင်ရိုးမ ပေါ်က ထွက်ပြေးလာတဲ့ တပ်သားတွေကို စစ်ပွဲက နေ ထပ်ပြီး မထွက်ပြေးအောင် အခုလို ရက်စက်တဲ့ နည်းနဲ့ အပြစ်ပေးခဲ့တာဖြစ်ပါတယ်။
နတ်ရေကန်တောင် တခုလုံးကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအဖွဲ့တွေက ဝန်းရံထားပြီး စစ်ကောင်စီ ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။
“အခုကျန်ခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးစခန်းက အထဲမှာပိတ်မိတဲ့သဘော ဖြစ်သွားပြီ အကုန်လုံးဖြတ်တောက်ခံထားရတဲ့ အတွက် မကြာခင်ကျမှာပါ ” လို့ နတ်ရေကန်လေကြောင်း ကာကွယ်ရေး စခန်းမှာ တာဝန်ကျဖူးသူ တစ်ဦးက ပြောပါတယ်။
လေကြောင်းရန်ကာကွယ်ရေးစခန်းတွေဟာ ရခိုင်ရိုးမ ၊ ရှမ်းရိုးမ တို့လို တောင်ပေါ်တွေမှာ တည်ဆောက်ထားပြီး အဓိက အားဖြင့် ပြည်ပ လေကြောင်း ရန် ကာကွယ်ရန် အတွက် ၊ လေကြောင်းသတင်းအချက်အလက် ဖမ်းယူရတဲ့ နေရာဖြစ်ပါတယ်။
တပ်မ ၉၉ ရဲ့ တပ်မမှူး တင်မောင်ကျော်ကို ရာထူးက ဖယ်ရှားလိုက်ပြီး ၊ဟားခါးအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းကို အစားထိုး ထားတယ်လို့ သိရပါတယ်။
အဉ္စနလီညှင်း လေး၀တီFM
Discover the thrill of real-money live casino action at Maxispin mobile casino, where you can enjoy live dealers, top software providers, and exclusive promotions.
The site’s navigation is simple and accessible, helping newcomers get started quickly.