ကျောက်ဖြူ OTG တရုတ်စီမံကိန်းကွင်းပတ်၀န်းကျင် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် ဟာ ရန်ကုန်ဆေးရုံ မှာ သေဆုံးပြီး ဒီကနေ့ ဇွန် ၁၅ ရက်မှာ သူ့မိသားစုက ရက်လည်ဆွမ်းသွတ်ခဲ့ပါတယ်။
မေလ ၃၀ ရက်က OTG စီမံကိန်းဝန်းကျင်မှာ တပ်စွဲထားတဲ့ ဒရုန်းတပ်ကို အာရက္ခတပ်တော်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် နဲ့ အတူ ဒရုန်းတပ်သား ၇ ဦးကို အရေးပေါ် ခေါ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။
သေဆုံးသွားတဲ့တပ်ရင်းမူးဟာ လှည်းကူ ခမရ ၂၁၁ က နေ ကျောက်ဖြူ ရှေ့တန်းသို့ ပို့ဆောင်ခံထားရပြီး ဒဏ်ရာ ရရှိတဲ့ အတွက် ရန်ကုန်ကို ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
“ ဒရုန်းတပ်ဖွဲ့ နေရာ တည့်တည့်ကို လက်နက်ကြီးကျတဲ့ အခါ ဒုဗိုလ်မှူး တစ်ယောက် နဲ့ ဒရုန်းအကူတပ်သားတွေ ထိတယ်၊ ၊ နာမည်ကို အတည်မပြုနိုင်ခဲ့ဘူး ၊ ဒီနေ့ နာရေးကြော်ညာတွေ့မှ အတည်ပြုနိုင်တယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မလကျွန်းရွာနဲ့ OTG စီမံကိန်းကြားမှာ ARMY CAMP ထဲဒရုန်းတပ်ဖွဲ့၀င်များနေထိုင်ကြပြီး အဲ့ဒီနေရာကို လက်နက်ကြီးထိမှန်ခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံး၊ ဒဏ်ရာရ ၊ ထွက်ပြေး ၊ အလင်းဝင်မှုတွေ နေ့စဉ် ရက်ဆက်ရှိနေတာဖြစ်ပါတယ်။
ဒီကနေ့ မနက်မှာပဲ တပ်မ ၁၁ က အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ခုလုံး အာရက္ခတပ်တော်ဆီမှာ အလင်းဝင်ခဲ့ပါတယ်။
အမ်းချောင်းသူ ၊ လေး၀တီFM
I do enjoy the manner in which you have framed this problem plus it does give me some fodder for thought. However, coming from everything that I have witnessed, I just simply wish when the comments pack on that individuals keep on issue and in no way embark on a soap box of the news of the day. Still, thank you for this superb piece and while I do not go along with the idea in totality, I regard your viewpoint.