Laywaddy FM

သံတွဲ-ဂွ လမ်းပိုင်းပေါ်ကို မိုးရာသီအမှီ မှိုင်းရှင်းလင်းနေ ၊ မြေမြုပ်မှိုင်း အလုံးရေ ၂၀၀၀ ကျော်ကို တစ်လအတွင်း တူးဖော်ရရှိ

သံတွဲ-ဂွ လမ်းပိုင်းပေါ်ကို မိုးရာသီအမှီ မှိုင်းရှင်းလင်းနေ ၊ မြေမြုပ်မှိုင်း အလုံးရေ ၂၀၀၀ ကျော်ကို တစ်လအတွင်း တူးဖော်ရရှိ

ရခိုင်ပြည် ၊ သံတွဲ -ဂွ လမ်းပိုင်းပေါ်က စစ်ကောင်စီ အထိုင်ချခဲ့တဲ့ ဂိတ်စခန်းတွေ နဲ့ အနီးဝန်းကျင်တွေကို အခုမိုးရာသီ အမှီမြေမြုပ်မှိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ် လို့ သတင်းရရှိပါတယ်။

ဂွမြို့နယ်မှာ မကြာခဏ မြေမြုပ်မှိုင်းနင်းမိလို့ ကိုယ်လက် အဂ်ါတွေ ဆုံးရှုံးနေကြရပြီး အခုနှစ်မိုးရာသီမှာ လယ်ယာထွန်ယက်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြေမြုပ်မှိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေပြီး

သံတွဲ-ဂွ လမ်းပိုင်းပေါ်ကနေ မြေမြုပ်မှိုင်း အလုံးရေ ၂၀၀၀ ကျော် ကို ရှင်းလင်းခဲ့တယ်လို့ ULA အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“မိုင်းရတာက ဂွမြို့နယ်များ ပါတယ် ကားလမ်းနဲ့ကျေးရွာ၊ တောတောင်အနီး တိုက်ပွဲဖြစ်တဲ့နေရာ များတော့ ဂွ မြို့ အနီးဝန်းကျင်မှာတင် ၁၀၀၀ ကျော်ရတယ်၊ အကုန်လုံးကင်စင်ပြီလို့တော့ ဘယ်မှာပြောနိုင်ဖို့လဲ ၊ လူသွားလူလာများတဲ့ လူနဲ့ နီးစပ်နဲ့ နေရာတွေ ကို ဦးစားပေး ဖော်နိုင်တာပါ ၊ မိုးရာသီရောက်လာတော့ ပြည်သူတွေအနေနဲ့အန္တရာယ်တစ်ခုခုဖြစ်မှာစိုးလို့အခုအရေးကြီးတဲ့နေရာတွေကို ပထမ ရှင်းပြီး နောက်လည်းဆက်ပြီးရှင်းနေတယ်” လို့ သူ ဆိုပါတယ်။

မိုးရာသီမှာ ထွန်ယက်စိုက်ပျိုးမယ့်တောင်သူများ ၊ ကျွဲနွားများ ဟာ ဂွမြို့နယ်ထဲမှာ မကြာခဏဆိုသလို မြေမြုပ်မှိုင်း ထိပြီး ထိခိုက်ဒဏ်ရာ ရရှိနေတာဖြစ်ပါတယ်။

“ရေတပ်စခန်းအနီးအနားမှာ ခဏခဏ မိုင်းနင်းမိတယ်၊ စစ်ကောင်စီက ရေတပ်ပတ်လည်ကတောတောင်တွေမှာပါ မှိုင်းထောင်ထားခဲ့တာ ၊ ဒီနေရာတွေ က အခုထိ “မှိုင်းရှိသည်” လို့ ကပ်ထားတုန်းပါ၊ ဒီနေရာတွေကိုလည်း ဒီမိုးကာလ အတွင်း အပြီးရှင်းဖို့လိုပါတယ် “ လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအခြေအနေထိ လမ်းဘေးဝဲရာတွေ ၊ တောင်ကုန်းတွေ မှာ “မိုင်းရှိသည်” လို့ ရေးသားထားရင် အထူးဂရုစိုက်ကြဖို့ လိုတယ်အပ်နေဆဲဖြစ်ပါတယ်။ တားမြစ်နေရာတွေဟာ မြေမြုပ်မှိုင်းနဲ့ စစ်ကျန်လက်နက်တွေ ရှိနေသေးပြီးမှိုင်းကင်းစင်တဲ့နေရာ များ ကိုသာ သွားလာကြဖို့ အာရက္ခအစိုးရက သတိပေးထားပါတယ်။

အခုတစ်ခေါက်မြေမြုပ်မှိုင်းရှင်းလင်းတဲ့ အထဲမှာ ရပ်ကွက်တွေ ၊ ကျေးရွာတွေထဲက လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်းတွေ နဲ့ လမ်းတစ်လျှောက်က ကာကင်းစခန်း အနီးဝန်းကျင်တွေ ပါဝင်တယ်လို့ဆိုပါတယ်။

အဉ္စနလီညှင်း လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *