ရခိုင်ပြည်လွတ်မြောက်နယ်မြေမှာ အလွတ်တန်းသတင်းထောက် တစ်ဦးက ဦးဆောင်ပြီး အခြေခံသတင်းပညာသင်တန်း ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီသင်တန်းမှာ အခြေခံသတင်းရေးသားနည်း ၊ သတင်းဓာတ်ပုံ နဲ့ ဗီဒီယိုရိုက်ကူးနည်း ၊ သတင်းဗီဒီယို တည်းဖြတ်နည်း တွေကို သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီသင်တန်းဟာ အာရက္ခအစိုးရ အုပ်ချုပ်တဲ့ဒေသမှာ ကျင်းပခဲ့တာဖြစ်ပြီး သတင်းလွတ်လပ်ခွင့်အပေါ်မှာ ULA/AA သဘောထားနဲ့ ပတ်သက်ပြီး ဦးဆောင်သင်ကြားသူ ကိုနီမင်းထွန်း က အခုလိုပြောပါတယ်။

“သတင်းထောက်တွေကို ကန့်သတ်ထားတာမရှိဘူး ၊ လေကြောင်းလုံခြုံရေး ကြောင့် နေရာတွေကို သိနိုင်တဲ့ဖော်ပြမှုက လွဲရင် အားလုံးလွတ်လွတ်လပ်လပ်ရှိတယ်” လို့ သူ့က ဆိုပါတယ်။

သင်တန်းကို ၅ ရက်တာကာလ သင်ကြားခဲ့ပြီး သတင်းမီဒီယာကျင့်ဝတ်ကို ဦးစားပေးဆွေးနွေးခဲ့တယ်လို့ ဦးဆောင်သူ ကိုနီမင်းထွန်းကပြောပါတယ်။

ဓာတ်ပုံ- နီမင်းထွန်း
လေးဝတီ FM ၊ ဓာတ်ပုံသတင်း