ကျွန်တော်က သံတွဲမြို့ ကုန်သည်ကြီးများ အသင်း ရဲ့ အသင်းသားတစ်ဦးပါ။ ကျွန်တော်နဲ့ အတူ အသင်းသား ၂၀ ကျော် ရဲ့ သဘောတူညီချက်နဲ့ ဒီစာကို ရေးသားရခြင်းဖြစ်ပါတယ်။
သံတွဲမြို့ ရဲ့ ကုန်သည်ကြီးများအသင်း ဥက္ကဌ ရဲ့ ကိုယ်ကျိုးရှာ နေမှုတွေကို ဖွင့်ဟ ချင်ပါတယ်။
ကျွန်တော်တို့ သံတွဲမြို့နယ်ထဲမှာ ပြည်သူများအတွက် လူသုံးကုန်နဲ့ စက်သုံးဆီ မပြတ်လတ်စေရေးအတွက် ကုန်သည်များစုဖွဲ့ပြီး ကုန်သွယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။
ပိုမို စနစ်ကျပြီး ထိရောက်စေရေးအတွက် သံတွဲမြို့ ကုန်သည်ကြီးများအသင်းကို ၂၀၂၄ စက်တင်ဘာလ မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
ဒီအသင်းမှာ အသင်းဝင်ကြေးအနေနဲ့ တစ်ဦးကို ငွေကျပ် သိန်း ၂၀ အထိ ထည့်ဝင်ခဲ့ရပါတယ်။
ဒါအပြင် အစုရှယ်ယာများ ကိုလည်း အသင်းသားများက ထပ်မံဝယ်ယူရပါတယ်။ ရင်းနှီးမြုပ်နံမှုကာလ ပြီးမြောက်ချိန်မှာ အသင်း ဥက္ကဌ အနေနဲ့ ငွေစာရင်းရှင်းတမ်းများကို ကောင်းမွန်စွာ မရှင်းလင်းခဲ့ပါ။
အသင်းဝင်ကြေးများ ၊ အစုရှယ်ယာရောင်းရငွေများ ငွေကျပ်သိန်း ၃၄၀၀ အား အသင်း ဥက္ကဌက သူ၏ မိသားစု စီးပွားရေးလုပ်ငန်းအဖြစ် အသုံးချ စီးပွားရှာလျှက်ရှိပါတယ်။
အသင်းငွေကြေးများနဲ့ ၄◌င်း၏ မိသားစုအကျိုးစီးပွားဖြစ်တဲ့ Kpay ထုတ်ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိပါတယ်။
Kpay ဝန်ဆောင်မှု ပေးရာမှာလည်း ၁၄% အထိ ယူပြီး ပြည်သူတွေ အပေါ်မှာ ခေါင်းပုံဖြတ်လျှက်ရှိပါတယ်။
အသင်းဝင်များအား ကုန်သွယ်မှုကနေ ရရှိတဲ့ အကျိုးအမြတ်များကို ကောင်းမွန်စွာ ဖြေရှင်းပေးခြင်းမရှိပါ။
အသင်းထဲက ထွက်သူများကို လည်း
အသင်းဝင်ကြေး သိန်း ၂၀ အဆုံးဆိုပြီး အသင်းဝင်ကြေးကို မတရား သိမ်းပိုက်ထားပါတယ်။
ဒီကိစ္စ အကြောင်းအရာ ကို အသင်းသား ၂၀ကျော်က လက်မှတ်ထိုးပြီး အာရက္ခပြည်သူ့ အစိုးရ
သံတွဲမြို့နယ် က ဌာန ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားထားပေမယ့် အရေးယူခြင်းမရှိဘဲ လစ်လျှူရှုထားပါတယ် ခင်ဗျာ။
တိုင်ကြားစာကိုလည်း ပူးတွဲဖော်ပြထားပါတယ်။
ဒီအကြောင်း ကို ဗဟိုအစိုးရ အဆင့်ဆင့် အရေးယူနိုင်ဖို့ ၊ ပြည်သူ လူထု တစ်ရပ်လုံးသိရှိဖို့
လေးဝတီ FM အနေနဲ့ ကူညီတင်ပြပေးဖို့ တောင်းဆိုပါတယ် ခင်ဗျာ ။
သို့ လေးဝတီ FM ခင်ဗျား
yacht charter Montenegro weekly Montenegro yacht charter
заздрість турецький серіал за жизнь