ကမ္ဘာ့စာမျက်နှာမှာ ရခိုင်အရေးနဲ့ ပတ်သက်ရင် ရိုဟင်ဂျာ အရေး ကို အဓိက ရှုမြင်လျှက်ရှိပါတယ်။
အခုနောက်ပိုင်းမှာတော့ ဘူးသီးတောင် ၊ မောင်တော နယ်စပ်မှာ လှုပ်ရှားလာတဲ့ ARSA ၊ RSO အဖွဲ့တွေ ရဲ့အကြောင်းဟာလည်း ရိုဟင်ဂျာအရေးမှာထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်လာပါပြီ။
ARSR နဲ့ RSO အဖွဲ့တွေ ဆိုတာ စစ်အာဏာရှင်ကို တော်လှန်ဖို့ ၊ ကိုယ့်လူမျိုးစုတွေရဲ့ အခွင့်အရေးကို ရရှိအောင်ကျိုးပမ်းဖို့
ဖွဲ့စည်းထားတဲ့ အဖွဲ့တွေလား ၊ ဒါမှ မဟုတ် ULA/AA ဘက်က မကြာခဏ ထုတ်ပြန်သလို အစ္စလာမ်မစ် အစွန်းရောက်အကြမ်းဖက်အဖွဲ့လား ဆိုတာကို လေ့လာကြည့်ပါမယ်။
ဒီသုံးသပ်ချက်မှာ ARSA နဲ့ RSO တပ်ဖွဲ့တွေ အပေါ်မှာ ULA/AA နဲ့ ရခိုင်လူထုရဲ့ အမြင်ကို ခနထားပြီး
ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ရှုဒေါင့်က သုံးသပ်ချက်တွေကို တင်ပြ ဆွေးနွေးပါမယ်။
အာဆာဆိုတာ ဘယ်သူတွေလဲ။
အာဆာအဖွဲ့ဟာ မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ် ဘဂ်လားဘက်အခြမ်းမှာ ခြေကုတ်ယူပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ရခိုင်-မောင်တော က မြန်မာစစ်တပ်ရဲ့ ရဲတပ်ရင်းတွေကို တပြိုင်တည်းတိုက်ခိုက်မှုကို စတင်ခဲ့ပြီး သူတို့ရဲ့
တည်ရှိမှုကို ပြသခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်နောက်ပိုင်းမှာ မြန်မာစစ်တပ်က ဘူးသီးတောင် ၊ မောင်တောနယ်စပ်ကို နယ်မြေရှင်းလင်းတယ်ဆိုပြီး နယ်စပ်ဒေသမှာ ကြမ်းတမ်းတဲ့
ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီဒေသမှာ နေထိုင်တဲ့ ရိုဟင်ဂျာ သိန်းနဲ့ ချီပြီးဘဂ်လားဒေ့ရှ်ဘက်ထွက်ပြေးခဲ့ရသလို ၊ ဗမာစစ်တပ်ဟာ လည်း
လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူ အဖြစ် နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုခံရပါတယ်။
အာဆာအဖွဲ့ကတော့ အခု ၂၀၂၅ အောက်တိုဘာ ၁၀ ရက်မှာ အဲ့ဒီနေ့ဟာ သူတို့ရဲ့ အောင်ပွဲနေ့ဖြစ်တယ် ဆိုပြီး
သူတို့ရဲ့ တရားဝင်စာမျက်နှာမှာ ရေးသားထားပြီး ဓာတ်ပုံတွေလည်းထုတ်ပြန်လာပါတယ်။
ရခိုင်ဘက်အခြမ်းက ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေဟာ ဘဂ်လားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ပိတ်လှောင်ခံထားရပြီး
လူ့အခွင့်အရေးဆုံးရှုံးမှုတွေ ထပ်ကြုံနေရတာဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Right က ARSA အဖွဲ့တွေရဲ့ ဘဂ်လားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုတွေကို ဖော်ပြတဲ့ ” ARSA: End Abductions, Torture, Threats Against Rohingya Refugees and Women Aid Workers ” အမည်ရှိတဲ့ အစီရင်ခံစာတစ်စောင်ကို ၂၀၁၉ မတ်လမှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၄-၂၀၂၅ ခုနှစ်ထဲမှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားမှုတွေ ဟာ ကုလသမဂ္ဂ စင်မြင့်ပေါ်အထိ ရောက်ရှိလာပြီး ၊ လူ့အခွင့်အရေးတောင်းဆိုမှုတွေ အရှိန်မြင့်လာပါတယ်။
တစ်ပြိုင်တည်းမှာပဲ မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်မှာ ARSR နဲ့ RSO အဖွဲ့တွေရဲ့ အကြမ်းဖက်မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာလည်း ခပ်စိပ်စိပ်ဖြစ်လာတာကို တွေ့ရပါတယ်။
ဒီဖြစ်ရပ်တွေဟာ တိုက်ဆိုင်မှုတွေလား ဒါမှမဟုတ် ချိန်ကိုက်လုပ်ဆောင်ချက်တွေလားဆိုတာကို မဖော်ထုတ်နိုင်ကြသေးပါဘူး။
၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးခဲ့ရသူတွေထဲက
ရိုဟင်ဂျာအမျိုးသမီး လပ်ကီး ကာရီးမ် Lucky Karim ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂ မှာ ကျင်းပတဲ့ ရိုဟင်ဂျာ နဲ့ လူနည်းစုများအရေး ညီလာခံကို တက်ရောက်ခဲ့ပါတယ်။
သူမဟာ Refugee Women for Peace and Justice – RWPJ” ကို ထူထောင်ပြီး ဦးဆောင်လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ လူငယ် အမျိုးသမီး အရေးတက်ကြွလှုပ်ရှားနေသူ ဖြစ်ပါတယ်။
သူမက ဘဂ်လားဒေ့ရှ် ရိုဟင်ဂျာစခန်းမှာ နေထိုင်စဉ်မှာ ARSA နဲ့ RSO တပ်ဖွဲ့တွေ ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းခန်းမှာအခုလို ဖြေကြားခဲ့ပါတယ်။
” အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးရဲ့ အတင်းအကြပ် သိမ်းသွင်းမှု ၊ လူသစ်စုမှုတွေလည်းရှိခဲ့ပါတယ်။ အထူးသဖြင့် လူငယ်တွေကို ပစ်မှတ်ထားခေါ်ဆောင်ပြီး ဥပဒေနဲ့ မညီညွတ်တဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေထဲမှာ အသုံးချပါတယ်။
အမျိုးသမီးတွေ ၊ မိန်းကလေးငယ်တွေ ပစ်မှတ်ထားခံရပြီး ဘဂ်လားဒေ့ရှ်ကနေ တခြားအိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရတဲ့ အန္တရာယ်အပေါ်မှာလည်း စခန်းထဲကလူတွေ စိုးရိမ်ကြရပါတယ်။ ဒီအရာတွေဟာ ဒီကနေ့အချိန်အထိ စခန်းတွေထဲ ဆက်ဖြစ်နေတုန်းပါပဲ ။
လိင်အမျိုးအစားပေါ်မူတည်ပြီး အမျိုးသမီးဖြစ်ရတဲ့ အတွက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေလည်းရှိပါတယ်။ ” လို့ဖြေကြားခဲ့ပါတယ်။
ဒီဖြေဆိုမှုအရ ARSA နဲ့ RSO အဖွဲ့တွေဟာ ဒုက္ခသည်စခန်းတွေမှာ လူသစ်စုဆောင်းတာတွေ ၊ လူငယ်တွေကို ပစ်မှတ်ထားပြီးခေါ်ဆောင်တာတွေ အပြင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ လူကုန်ကူးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီစခန်းမှာ ခြောက်နှစ်ကျော်နေထိုင်ခဲ့တဲ့ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။
ICG အကြီးတန်းအကြံပေးဖြစ်သူ သောမတ်စ်ကိန်းက “ဘင်္ဂလားဒေ့ချ် ဒုက္ခသည်စခန်းမှာ RSO ၊ ARSA ၊ ARA အစ္စလာမ် လက်နက်ကိုင်တွေဟာ ဒုစရိုက်မှုများကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေကြပြီး အေအေကို အဓိကရန်သူအဖြစ် မှတ်ယူထားကြတယ်။ ဒီအဖွဲ့ဟာ ဘာသာရေးအခြေခံစကားလုံး “ဂျီဟတ်”ကို အသုံးပြုကာ လူထုစည်းရုန်းမှုတွေကို ဒုက္ခသည်စခန်းထဲမှာ လုပ်ဆောင်နေပါတယ်” လို့၂၀၂၅ ဇန်နဝါရီလမှာ ပြုလုပ်တဲ့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။
ဘဂ်လားဒေ့ရှ် က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာဖြစ်ပွားနေတဲ့ လူသတ်မှု ၊ မုဒိမ်းမှု ၊ ခြိမ်းခြောက်ငွေညှစ်မှု ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ နဲ့ ဘဂ်လားဒေ့ရှ် အရာရှိ တစ်ဦးကို သတ်ဖြတ်မှု မှာ အဓိကပါဝင်ပတ်သက်နေတယ်ဆိုပြီး
၂၀၂၅ မတ်လ မှာ ARSA အဖွဲ့ခေါင်းဆောင် နဲ့ အပေါင်းအပါ ၅ ဦး ကို ဘဂ်လားဒေ့ရှ် အစိုးရက ဖမ်းဆီးခဲ့ပါတယ်။
ဒါပေမယ့် ARSA အဖွဲ့တွေရဲ့ လူသစ်စုဆောင်းမှု နဲ့ အကြမ်းဖက်မှုတွေ ဟာ ရပ်တန့်မသွားဘဲ ဆက်လက်ကြီးထွားလျှက်ရှိပါတယ်။
ဒီအကြမ်းဖက်မှုဟာ အခုဆိုရင် မြန်မာပြည်ဘက်အခြမ်းကို ကူးစက်လာပြီး ၊ ဘူးသီးတောင် မောင်တောမှာနေထိုင်တဲ့ ဒေသခံတွေကို သတ်ဖြတ်တာတွေ မကြာခဏ ကြုံတွေလာရပြီဖြစ်ပါတယ်။
အနှစ်ချုပ်ရရင်တော့ ARSA အဖွဲ့ဆိုတာ ဟာ အစွန်းရောက်အကြမ်းဖက်အဖွဲ့အဖြစ် ရိုဟင်ဂျာအသိုင်းအဝိုင်း ၊ လူ့အခွင့်အရေးအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ အဖွဲ့ဖြစ်ပြီး ၊ လူမျိုးစုလွတ်မြောက်ရေး နဲ့ စစ်အာဏာရှင်တော်လှန်ရေး အတွက် ပေါ်ပေါက်လာတဲ့ အဖွဲ့ မဟုတ်ဘူးလို့ ဆိုတာတွေ့မြင်ရပါတယ်။
ဝါနု ၊ လေးဝတီ FM
Хотите подтянутую фигуру? Забудьте о скучных стенах спортзала! Ваша стройная талия ждут вас на свежем воздухе. Культивация земли мотоблоком — это не просто рутина, а динамичная кардио-сессия.
Как это работает?
Подробнее на странице – https://kirill-spektor.blogspot.com/2026/02/I%20stopped%20going%20to%20the%20gym%20when%20I%20bought%20a%20tiller.html
Мощные мышцы ног и ягодиц:
Управляя мотоблоком, вы постоянно идете по рыхлой земле, совершая усилие для движения вперед. Это равносильно выпадам с утяжелением.
Стальной пресс и кор:
Удержание руля и контроль направления заставляют напрягаться ваш корпус. Каждая кочка — это естественная нагрузка на пресс.
Рельефные руки и плечи:
Повороты, подъемы, развороты тяжелой техники — это упражнения на бицепс, трицепс и плечи в чистом виде.
Смотрите наше видео-руководство: Мы покажем, как превратить работу в эффективную тренировку.
Ваш план похудения на грядках:
Разминка (5 минут): Прогулка быстрым шагом по участку. Кликните на иконку, чтобы увидеть полный комплекс.
Основная “тренировка” (60-90 минут): Вспашка, культивация, окучивание. Чередуйте интенсивность!
Заминка и растяжка (10 минут): Упражнения на гибкость рук. Пролистайте галерею с примерами упражнений.
Мотивационный счетчик: За час активной работы с мотоблоком средней мощности вы можете сжечь от 400 до 600 ккал! Это больше, чем сеанс аэробики.
Итог: Гордость за двойной результат. Поделитесь своим прогрессом в соцсетях с хештегом #ФитнесНаГрядках. Пашите не только землю, но и лишние калории
A convenient car catalog https://auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.