Laywaddy FM

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်

ဖော်ပြပါ ဓာတ်ပုံဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် ကြောင့်

သမီးဖြစ်သူ နဲ့ မြေးမလေး တို့ သေဆုံးခဲ့ရတဲ့ အလောင်းဘေးမှာ ငိုကြွေးနေတဲ့ အဘိုးအိုတစ်ဦး ရဲ့ ပုံဖြစ်ပါတယ်။

ဓာတ်ပုံကိုတော့ ဒေသတွင်းမှာ လူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ပုဏ္ဏားကျွန်းလူငယ်အဖွဲ့ (PLA) က ရိုက်ကူးခဲ့တဲ့ ပုံဖြစ်ပါတယ်။

နိုဝင်ဘာ (၇) ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများစုဟာ အမျိုးသမီးကြီးတွေ ၊ ကလေးငယ်တွေ ဖြစ်ပါတယ်။

ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုမှာ ပုဏ္ဏားကျွန်းမြို့ နယ် ၊ ယိုးတရုပ်ကျေးရွာက အမျိုးသမီးလေးဦး ၊ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

တရက်တည်းမှာပဲ ဒုတိယအကြိမ်တိုက်ခိုက်မှုမှာ မင်းပြားမြို့နယ် မြို့သစ်ရပ်ကွက် အမျိုးသမီးတစ်ဦးအပါအဝင် ရပ်ကွက်တွင်းမှာ နေထိုင်တဲ့ အရပ်သား ငါးဦးသေဆုံးခဲ့ပါတယ်။

ဒီလိုအရပ်သားသေဆုံးမှုတွေကို ULA/AA ထိမ်းချုပ်နယ်မြေမှာ နေထိုင်ကြတဲ့ အတွက် သေဆုံးသူတွေဟာ သူပုန်တွေပဲ ဆိုပြီး အင်နဲ့ အားနဲ့ ဝါဒဖြန့်လာပါတယ်။

ဒါအပြင် ညနေပိုင်းမှာ မင်းပြားမြို့ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး သေဆုံးသူတွေထဲက ကျောင်းသူတစ်ဦးရဲ့ အလောင်းကို မနက်ပိုင်းမှာ မှ အပျက်အစီးတွေကြားထဲက ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် နဲ့ ပတ်သက်တဲ့ပုံတွေကို လေ့လာဆန်းစစ်ကြည့်တဲ့ အခါ ၊ သက်ကြီးရွယ်အိုအမျိုးသမီးများ ၊ ကလေးငယ်များ ၊ အမျိုးသမီးငယ်များကို သူတို့ရဲ့ အိမ်နေ အဝတ်အစားတွေနဲ့ တွေ့ရပါတယ်။

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်တဲ့ အုပ်စုတွေ ကတော့ ဒီကြောင်းတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံတွေ အောက်မှာ အာရက္ခတပ်တော် ရဲ့ စစ်သင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ တန်ပြန်သတင်းအမှားတွေ ကို လည်း ထုတ်လွှင့်လျှက်ရှိပါတယ်။

ဒါအပြင်သေဆုံးသူတွေ ရဲ့ ဘေးမှာ ငိုကြွေးနေသူတွေကို “သရုပ်ဆောင်နေတယ် ” ဆိုပြီးတော့လည်း ၊ စာနာမှုမဲ့စွာ ရေးသားနေကြတာကိုတွေ့ရပါတယ်။

လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *