Laywaddy FM

ငြင်းဆန်လို့မရတဲ့ စစ်ရာဇဝတ်မှုကို “စစ်ကော်မရှင် တာဝန်ခံရမည်” ဟု ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများဖိုရမ် က ထုတ်ပြန်

ငြင်းဆန်လို့မရတဲ့ စစ်ရာဇဝတ်မှုကို “စစ်ကော်မရှင် တာဝန်ခံရမည်” ဟု ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများဖိုရမ် က ထုတ်ပြန်

မြောက်ဦးပြည်သူ့ ဆေးရုံကြီးကို လေကြောင်း တိုက််ခိုက်မှုနဲ့ ပတ်သက်ပြီး “စစ်ကော်မရှင် တာဝန်ခံရမည် “လို့ ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများ Forum က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီအဖြစ်အပျက်အပေါ်မှာ အာဆီယံ ၊ ဥရောပသမဂ္ဂEU ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ UN တို့အနေနဲ့လည်း ထိရောက်မြန်ဆန်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ဒီဖိုရမ်ကထုတ်ပြန်တောင်းဆိုလိုက်တာပါ။

“အခုဖြစ်စဉ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေ ကလည်း တုန်လှုပ်လောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ စစ်အုပ်စုဘက်က ငြင်းဆန်လို့မရတဲ့ စစ်ရာဇဝတ်မှု ဖြစ်လာတာပေါ့လေ ၊ အရမ်းကို သိသာထင်ရှားနေတဲ့ ကိစ္စဖြစ်တဲ့ အတွက် စစ်ရာဇဝတ်ကျူးလွန်တဲ့ စစ်အုပ်စုကို အမြန်ဆုံးအထိရောက်ဆုံးအရေးယူဖို့ တိုက်တွန်းချင်ပါတယ်” လို့ ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေးစစ်ရေးလေ့လာသုံးသပ်သူ ကိုခိုင်ကျော်နိုင် က ထပ်လောင်းပြောဆိုပါတယ်။

မြောက်ဦးမြို့ဆေးရုံကြီး ကို ပေါင် ၅၀၀ ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် သုံးလအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃၃ ဦးသေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှုမှာ အမျိုးသမီး ၁၇ ဦးလည်း ပါဝင်ခဲ့ပါတယ်။

လေးဝတီFM

Kay Zue

Related Posts

95 thoughts on “ငြင်းဆန်လို့မရတဲ့ စစ်ရာဇဝတ်မှုကို “စစ်ကော်မရှင် တာဝန်ခံရမည်” ဟု ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများဖိုရမ် က ထုတ်ပြန်

Leave a Reply

Your email address will not be published. Required fields are marked *