စစ်ပွဲနဲ့ ပဋိအက္ခတွေကြောင့် ရခိုင်ဒေသမှာ ဆင်းရဲကြပ်တည်းမှုတွေ မြင့်တက်လာသလို ၊ ဆေးဝါးကုသရေး အခက်အခဲတွေလည်းရင်ဆိုင်နေကြရပါတယ်။
ဒါအပြင် ဆေးကုသစရိတ်မတတ်နိုင်တာ နဲ့ ဆေးကုသပေးမယ့်နေရာတွေကို သွားရောက်ဖို့ ခရီးစရိတ်မတတ်နိုင်တာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံပြည်သူတွေ ပြောကြပါတယ်။

“အမ်းမြို့နယ် (…)က ကျွန်တော့် ဦးလေးသယ်တစ်ယောက်နဲ့ ဘကြီးတစ်ယောက် သူတို့ ကို ဆေးကုဖို့ စရိတ်မရှိလို့ နှစ်ယောက်လုံး ဒီလထဲမှာပဲဆုံးသွားတယ် ။တစ်ယောက်က ရိုးရိုးဖျားတာ ၊ တစ်ယောက်က လူကြီးရောဂါပေါ့ ၊ မစားနိုင်မသောက်နိုင်နဲ့အဟာရ ပြတ်သွားတာ ၊ လူကြီးကို တိုက်ကျွေးနိုင်မယ့်အဟာရတွေလည်း ဝယ်ဖို့ မတတ်နိုင်ဘူးလေ ” လို့ မိသားစုဝင်ဖြစ်သူ က လေးဝတီFM ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က ကုတင် ၃၀၀ မြောက်ဦးပြည်သူ့ဆေးရုံကြီး တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုပြီးထိခိုက်လာတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ မြို့တိုင်းက ဆေးရုံ ၊ ဆေးခန်းတွေ မလည်ပတ်နိုင်သေးသလို ၊ တချို့မြို့တွေမှာရှိတဲ့ ဆေးရုံဆေးခန်းတွေမှာလည်း ၊ ဆေးဝါးနဲ့ အထောက်အကူပစ္စည်းတွေ မရှိတာကြောင့် အရေးပေါ်လူနာအများစုဟာ အချိန်မှီမကုသနိုင်လို့ အသက်ဆုံးရှုံးရတယ်လို့ လည်းမြေပြင်မှာရှိတဲ့ အရပ်သားပြည်သူ တွေက ပြောပါတယ်။

“ယဉ်တိုက်မှုဖြစ်တော့ မိသားစုတွေ ဟိုလူ တစ်သိန်း ဒီလူငါးသောင်းနဲ့ ပေါင်းပြီးဆေးရုံသွားတယ် ၊ ဆေးရုံမှာက ကုဖို့ လက်နက်ကိရိယာ မလုံလောက် ၊ ဆေးဝါးမရှိတော့ သေတာထိုင်ကြည့်နေရတယ်၊ မဟုတ်ရင် မြောက်ဦးကို အရေးပေါ်သွားကုရဖို့ ဟာ မြောက်ဦးမှာလည်း ဗုံးကြဲထားတော့ သွားလို့မရ ” လို့ တောင်ကုတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည် က မြို့ အများစုကို ULA/AA က ထိန်းချုပ်ထားသလို့ ၊ စစ်ကော်မရှင်က မြို့သုံးမြို့ကို ထိန်းချုပ်ထားပါတယ်။
အဖွဲ့အစည်းနှစ်ခုလုံး ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ဒေသခံတွေရဲ့ အခက်အခဲကတော့ တူညီစွာသက်ရောက်နေကြတာဖြစ်ပါတယ်။
” ဒေသတွင်းမှာ ULA/AA ဘက်က ဆင်းရဲနွမ်းပါးတဲ့သူတွေကို အခမဲ့ ဆေးကုသရေးလုပ်ပေးနေပါတယ် “ လို့ ULA/AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခပြည်သူ့ အစိုးရ ကျန်းမာရေးဌာနကနေ ဆင်းရဲနွမ်းပါးသူတွေ အတွက် အခမဲ့ဆေးကုသမှုပေးနိုင်ဖို့ ဆေးပဒေသာပင် စိုက်ထူဖို့လည်း ပြည်တွင်းပြည်ပ အလှူရှင်တွေကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။
မြေပြင်အအခြေအနေမှာ ULA/AA ထိန်းချုပ်ထားတဲ့ မြို့တွေကို မြန်မာတစ်ပြည်လုံးက ကုန်စည်တွေ မစီးဆင်းအောင် စစ်ကော်မရှင်ဘက်က တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားပါတယ်။

ဆေးရုံဆေးခန်းတွေကိုလည်း ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ကောင်းမွန် မလည်ပတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
ရခိုင်ပြည်ရဲ့ စီးပွားရေးစီးဆင်းလည်ပတ်မှုဟာ လုံးဝ ရပ်တန့်သွားပြီး “ရခိုင်ဒေသဟာ အငတ်ဘေးသင့်တော့မယ်” လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ၂၀၂၄ နိုဝင်ဘာ (၇) ရက် က ထုတ်ပြန်ခဲ့ပါတယ်။
ဓာတ်ပုံ -စေတနာ အခမဲ့ ဆေးကုခန်း
လေးဝတီFM
Dạo này thấy nhiều anh em nhắc tới m36588vin ghê. Không biết có gì hot mà ai cũng mê vậy ta? See what the buzz is about: m36588vin
U888u888cool is a bit different, but I’m liking it so far! Something new to try. I’ll explore some more. Keep it up. u888u888cool
Yo, VS388 đăng nhập was smooth as butter today! No lag, no glitches, just straight into the action. Definitely worth checking out if you’re looking for a solid betting platform. Click here: vs388 đăng nhập
Bong88viva88 is legit! I’ve been using them for a while now, and they always pay out fast. The site’s easy to navigate too. Worth a look for sure. Get in the game: bong88viva88