Laywaddy FM

ပွိုင့် ၆၆၆ တိုက်ပွဲကို AA ရဲ့ အထူးကွန်မန်ဒို တပ်ဖွဲ့ ဦးဆောင်စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ကျဆုံး

ပွိုင့် ၆၆၆ တိုက်ပွဲကို AA ရဲ့ အထူးကွန်မန်ဒို တပ်ဖွဲ့ ဦးဆောင်စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ကျဆုံး

ပွိုင့် ၆၆၆ စခန်းတိုက်ပွဲ ကို AA ရဲ့ အထူးလေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေ ဦးဆောင်နေပြီး တက်လာတဲ့ စစ်ကြောင်းတွေ ကို အထိုင်ကနေ ချေမှုန်းနေတယ်လို့ သတင်းရရှိပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာ ပွိုင့် ၆၆၆ ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ကွန်မန်ဒိုတွေက တိုက်ခိုက်ခဲ့ပြီး ၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် နဲ့ တကွ တပ်သား ၄၀ ကျော်သေဆုံးပါတယ်။

“စစ်ကြောင်းကို ဦးဆောင်လာသူ သေသွားပြီး စစ်ကြောင်းပြိုသွားတော့ လွတ်တဲ့ နေရာကိုပြေးကြတယ်၊ လက်ရ ဖမ်းဆီးရမိသူတွေလည်းရှိတယ်၊ လက်နက်တွေလည်း အမြောက်အများသိမ်းဆည်းမိပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့က ပန်းတောင်းမြို့နယ်ထဲ ကို ပို့လွှတ်ခဲ့တဲ့ စစ်ကြောင်းကို အဲ့ဒီကွန်မန်ဒိုတပ်ဖွဲ့ နဲ့ အတူ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ တစ်ရက်ကျော်ကြာ ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

ပွိုင့် ၆၆၆ စခန်းဟာ နတ်ရေကန်ဗျူဟာ ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ၊ အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာ စခန်းဟာ စခန်းကို သိမ်းပိုက်ဖို့ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၅ နှစ်စ ကတည်း က ကြိုးပမ်းနေတာဖြစ်ပါတယ်။

စစ်ကော်မရှင်ဘက်က စစ်ကြောင်းတစ်ခုပြီးတစ်ခု ကို တပ်မမှူး ဗိုလ်မှူးအဆင့်တွေ ဦးဆောင်ပို့လွှတ်ခဲ့ပြီး အရာရှိတွေနဲ့ အတူ ရာနဲ့ချီတဲ့ တပ်သားတွေ ကို စွန့်လွှတ်ထားတာဖြစ်ပါတယ်။

အဲ့ဒီ ပွိုင့် ၆၆၆ မှာ ကျဆုံးသွားတဲ့ တပ်မမှူး ဗိုလ်မှူးဝေယံလင်းကို ဇန်နဝါရီ ၄ ရက်က သီဟသူရဘွဲ့ပေးအပ်ထားသလို၊ တပ်သားတွေကိုလည်း အသေခံ ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

နတ်ရေကန် ၊ ဂုတ်ကြီး ၊ ပွိုင့် ၆၆၆ ၊ ဆင်လန်လေလံတောင် စတဲ့ စခန်းတွေဟာ ညောင်ကျိုးမြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ လက်နက်စက်ရုံတွေကို ကာရံထားတဲ့ ကာကင်းစခန်းကြီးတွေ ဖြစ်ပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

One thought on “ပွိုင့် ၆၆၆ တိုက်ပွဲကို AA ရဲ့ အထူးကွန်မန်ဒို တပ်ဖွဲ့ ဦးဆောင်စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ကျဆုံး

  1. The very heart of your writing while sounding agreeable in the beginning, did not really settle perfectly with me after some time. Someplace throughout the paragraphs you actually were able to make me a believer but just for a short while. I still have a problem with your leaps in logic and you might do well to help fill in those breaks. When you actually can accomplish that, I could surely end up being impressed.

Leave a Reply

Your email address will not be published. Required fields are marked *