ရခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ဒေသခံတွေ ထပ်မံစစ်ရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၂၄ ရက်နေ့ မှာ စစ်ကော်မရှင်ဘက်က AA ထိန်းချုပ်နေရာထားတဲ့နေရာတွေကို စစ်ကြောင်းထိုးလာရာကနေ နှစ်ဖက်တိုက်ပွဲ တွေ နေ့ရောညပါ ပြင်းထန်လာတယ်လို့ ဒေသခံအမျိုးသားတစ်ဉီးက လေးဝတီFM ကို ပြောပါတယ်။
“စကစ ထိုးစစ်က ကြည်း ၊ ရေ၊လေ အစုံပေါ့ ၊ မင်းပြင်ဘက် ၊သိုင်းချောင်းဘက်ကနေ ထိုးစစ်ဆင်နေတာ AA ဖက်ကလည်း အပြင်းထန်ဆုံးချေမှုန်းနေပါတယ်”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်ရဲ့ မြေပြင်ထိုးစစ်တွေမှာ အထိနာနေတာကြောင့် ရေတပ်က အနီးဝန်းကျင်က ကျေးရွာတွေကို ပစ်မှတ်ထားလာပါတယ်။
ယခုလိုနှစ်ဖက်တိုက်ပွဲ ပြင်းထန်မူကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းတွေ မကြာခဏ ကျဆုံးနေဒေသခံကျေးရွာတွေကို ဒရုန်း၊လက်နက်ကြီး၊ဂျက် တို့ဖြင့်တိုက်ခိုက်မူရှိနေတယ် လို့သူကဆက်ပြောပါတယ်။
” နေဗီကပစ်တယ်၊ဒ ရုန်းနဲ့ဗုံးကြဲတယ်၊ ဂျက်ဖိုက် နဲ့ ဗုံးချတယ်၊ အဲဒါကြောင့် စနဲမြို့ စ်ပွဲ ပတ်ဝန်းကျင် အနီးပတ်ဝန်းကျင်က ဒေသခံတွေ ထပ်ပြီး စစ်ဘေးရှောင်နေရတယ်” လို့ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ကျောက်ဖြူမှာ လက်ရှိတိုက်ပွဲတွေကြောင့် ကျေးရွာတွင်းမှာနေထိုင်သူ အမျးစု စစ်ဘေးရှောင်နေကြရပြီး လူဦးရေး ငါးသောင်းလောက် နေရပ်စွန့်ခွာနေရပါတယ်။
စနဲမြို့ဟာ သိုင်းချောင်း ၊ မင်းပြင် ဒေသတွေလို AA ဘက်က ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်ပြီး ၊ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းကြောင့် နောက်ထပ် လူဦးရေ ထောင်နဲ့ချီပြီး တိုက်ပွဲရှောင်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က တပ်မ ၁၁ ကို ပြောင်းရွှေ့ထားပါတယ်။
လက်ရှိကျောက်ဖြူ စစ်မြေပြင်မှာ တောင်ကုတ်မြို့မှာ အခြေစိုက်ခဲ့တဲ့ စကခ (၅) နဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေ အင်အားစုစည်းပြီး ကျောက်ဖြူ စစ်မျက်နှာက ထိုးစစ်တွေကို ထပ်မံဖော်ဆောင်လာတာဖြစ်ပါတယ်။
#ရခိုင်#လေးဝတီFM