ရခိုင်ပြည် ၊ မြောက်ဦးမြို့ က ကေတီဗီတစ်ခုမှာ အမျိုးသမီးတွေကို ပိတ်လှောင်ပြီး လိင်ကျွန်ပြု အမြတ်ထုတ်မှုတွေ ရှိနေကြောင်း သတင်းပေါ်ပေါက်လာပါတယ်။
မြောက်ဦးမြို့မှာရှိတဲ့ “ရွှေရိုးရာ” KTV မှာ အမျိုးသမီးတွေ ၂၀ ကျော်ဟာ အုပ်စုလိုက် ပိတ်လှောင်ထားပြီး လိင်လုပ်သားအဖြစ် ခိုင်းစေမှုတွေ ရှိခဲ့တယ်လို့ Arakan Bay News က မေလ ၂၄ ရက်မှာ သတင်းရေးသားထုတ်ပြန်ခဲ့ပါတယ်။
KTV အမည်ခံ ၊ ဆောင်ကြာမြိုင်မှာ လိင်ကျွန်အဖြစ် အသုံးချခံရတဲ့ အပြင် ၊ ပိတ်လှောင်ခံရခြင်း ၊ နှိပ်စက်ခံရခြင်း ၊ အဓမ္မအလုပ်ခိုင်းစေခြင်းတို့ကို ပြုလုပ်ခံခဲ့ရတယ်လို့ ၊ KTV က ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးက ဖွင့်ဟ ထားပါတယ်။
ညနေပိုင်းမှာတေ့ အဲ့ဒီ KTV ကို အာရက္ခရဲဌာန DLEPS တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီ KTV မှာ HIV ပိုးကူးစက်ခံရသူတွေလည်း လိင်လုပ်သားအဖြစ် ရှိနေပြီး ၊ ကာကွယ်ဆေးထိုးနှံခြင်းမခံရဘူးလို့ လည်း သိရပါတယ်။
“မုဒိန်းမှုပပျောက်အောင် ၊ ဒီလိုနေရာတွေ ရှိသင့်တယ် ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ လုပ်ငန်းရှင်တွေက အဆိုတင်ကြတယ်။ တစ်ဖက်မှာလည်း ဒီလိုလုပ်ငန်းတွေ နဲ့ အတူ၊လိင်ကျွန်ပြုမှုတွေ ၊ မူးယစ်ဆေးကိစ္စတွေ ၊ ရာဇဝတ်မှုတွေဆိုတာ က အလိုလို ကပ်ပါလာပြီးသားဖြစ်ပါတယ်၊ ဒီတစ်ခု ကိစ္စဖြစ်လို့ ဖမ်းပေမယ့် တခြား KTV တွေမှာ လည်း ဒီလိုပဲ ၊ လိင်လုပ်သားအဖြစ် ခိုင်းစေခံရတာတွေ ရှိနေတုန်းပဲ ၊ လိင်လုပ်သားလုပ်ဖို့ ရပ်ရွာတွေကို ဆင်းပြီး လူစုတာ လုပ်နေကြတာပဲ ” လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
မြောက်ဦးမြို့က “ရွှေရိုးရာ” KTV လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်သူ မမိုး(ခ) ခင်မိုးမိုးဝင်း (အသက် ၅၆ နှစ် ) – ကျော်ဝင်းနိုင် (လက်ရှိအိမ်ထောင် ) အသက် ၂၉ နှစ် ၊ မမိုး၏ သမီးနှစ်ယောက် ဖြစ်တဲ့ မနှင်းအိဖြိုး (၃၅နှစ် ) နှင့် ဝေဇင် (၃၂ နှစ်) နဲ့ အတူ ၄င်းတို့၏မိသားစုဝင် ကျော်ဇင်မျိုး (၃၂ နှစ် ) တို့ကို အရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူများ က ဖမ်းဆီးထားတယ်လို့ ABN သတင်းဌာနက ရေးသားထားပါတယ်။
ဒေသတွင်း စားဝတ်နေရေးခက်ခဲမှုနဲ့ အလုပ်အကိုင်းရှားပါးမှုကြောင့် လူသားအရင်းအမြစ်တွေကို စီးပွားရေးသမားတွေက လိင်လုပ်သားအဖြစ် အသုံးချမှုတွေ မြို့နယ်တိုင်းမှာပေါ်ပေါက်နေတာဖြစ်ပါတယ်။ စစ်ပွဲကြားမှာပင် ညပိုင်းအပျော်အပါးတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
တောင်ကုတ်မြို့ က KTV ကို သွားရောက်ခဲ့သူတစ်ဦးက ” ဒီမြို့က KTV တိုင်းမှာ မိန်းကလေးခေါ်လို့ရတယ်၊ ကြိုက်သလို နေလို့ရတယ်” လို့ ပြောပါတယ်။
အလားတူပဲ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း နဲ့ လိင်လုပ်သား ဈေးကွက်တွေဟာ KTV အမည်ခံဆုံမှတ်တွေမှာ ရှိနေပြီး ၊ စိစစ်ကြပ်မတ်သင့်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်းမှာလည်း မင်းပြားမြို့က KTV အခန်းတစ်ခုအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုကို DLEPS ဖမ်းဆီးရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#Laywaddy FM
Hi there, just wanted tto mention, I loveed thiis post. It waas funny.
Keepp onn posting!