အခု မေလကနေစပြီး အယ်လ်နီညို ဖြစ်လာဖို့ ၆၀ ရာခိုင်နှုန်းလောက် သေချာနေပြီလို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ဒီနှစ်မိုးရာသီဟာ အယ်နီညိုရဲ့ သက်ရောက်မှုကြောင့် မတည်ငြိမ်မှုတွေ ၊ ဆိုးရွားမှုတွေဖြစ်ပေါ်နိုင်တယ်လို့လည်း ကြိုတင်သတိပေးလာကြတာပါ။

မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဒီနှစ်မိုးရာသီ အတွက် မိုးဦး ၊ မိုးလယ် ၊ မိုးနှောင်း သုံးမျိုးလုံးကို ခန့်မှန်းထားတဲ့ အစီရင်ခံစာထုတ်ပြန်လာပါတယ်။

အယ်လ်နီညိုဆိုတာက ပုံမှန်ထက် ပိုပူတာ၊ မိုးခေါင်တာမျိုး ဖြစ်တတ်ပေမယ့် ဒီနှစ်ကတော့ နည်းနည်း ထူးခြားနေပါတယ် ။
မိုးဦးကာလတွေဖြစ်တဲ့ မေလကုန်နဲ့ ဇွန်လထဲမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ဘက်တွေမှာ မိုးပိုများနိုင်ပါတယ်။

ဇွန်လထဲမှာ မုတ်သုံလေ စဝင်လာမှာဖြစ်ပေမယ့် အယ်လ်နီညို အရှိန်ကြောင့် အချို့နေရာတွေမှာ မိုးရွာတာ နည်းနည်း နည်းသွားတာမျိုး ဖြစ်နိုင်လို့ သတိထားဖို့ လိုပါမယ်။
မိုးလယ်ကာလကတော့ အထူးသတိထားရမယ့် ကာလဖြစ်ပြီး ၊ အဲ့ဒီကာလအတွင်းမှာ ရေကြီးမြေပြိုတာတွေဖြစ်နိုင်ပါတယ်။
ဩဂုတ်လဟာ ဒီနှစ်ရဲ့ မိုးအများဆုံးကာလ ဖြစ်လာနိုင်ပါတယ် ။ မြန်မာနိုင်ငံ အထက်ပိုင်း၊ အရှေ့ပိုင်း (ရှမ်းပြည်) နဲ့ တောင်ပိုင်းဒေသတွေမှာ မိုးက ပုံမှန်ထက် သိသိသာသာကို ပိုများနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ဩဂုတ်လထဲမှာ လျှပ်တပြတ် ရေကြီးတာနဲ့ တောင်ပြို၊ မြေပြိုတာတွေကို အထူးသတိပြုကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။
မိုးနှောင်းကာလနှင့် မုန်တိုင်းအန္တရာယ်
အယ်နီညို ရာသီဥတုရဲ့ သက်ရောက်မှုအရှိန်ကြောင့် ၊ ပင်လယ်ပြင်ထဲမှာ အပူမုန်တိုင်းတွေဖြစ်ပေါ်နိုင်ပါတယ်။
မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာမှာတော့ မုန်တိုင်းအန္တရာယ်ကို သတိထားရပါမယ်။
ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေ မြင့်နေတာကြောင့် အပူပိုင်းမုန်တိုင်းတွေ ဖြစ်လာနိုင်ခြေရှိနေတယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းဒဏ်ကို သတိထားရမယ့် ကာလဖြစ်ပါတယ် ။
အနှစ်ချုပ်ရရင် ဒီနှစ်မိုးရာသီဟာ အယ်လ်နီညိုနှစ် ဖြစ်ပေမယ့် မိုးလယ်ကာလ ဩဂုတ်လမှာ ရေကြီး ၊ မြေပြိုနိုင်တာနဲ့ မိုးနှောင်းမှာ ကမ်းရိုးတန်းဒေသတွေ မုန်တိုင်းအန္တရာယ်ရှိနေနိုင်တာကို သတိပြုရမှာပါ။
ကိုးကား – မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်
လေးဝတီ FM
Howwdy would youu miind letting mee knopw which wweb hosdt you’re utilizing?
I’ve lkaded your blg iin 3 completel different wweb brtowsers aand I muist say thjis bloog loasds a lott fasteer then most.
Cann you suggest a good internnet hosting providder at a
reasonabpe price? Thanhk you, I appreciatee it!