Laywaddy FM

ငပလီကမ်းခြေ ဟိုတယ်ဇုံထဲက လူငယ်တွေ ကို စစ်သားစုဆောင်းနေ

မတ်လ ၅ ရက်နေ့ ညနေ ပိုင်းက ငပလီကမ်းခြေဟိုတယ်ဇုံအတွင်း က ကျေးရွာတွေကို
စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်လာပြီး ဒေသခံ လူငယ်တွေကို အဓမ္မခေါ်ယူ
စစ်သားစုဆောင်းနေတယ်လို့ သတင်းရရှိပါတယ်။
ငပလီကမ်းခြေ လင်းသာ၊ မြပြင်၊ ဂျိတ္တော ၊ ဇီးဖြူကုန်းနဲ့ ဂေါ့ ၊စပါးကျီး၊ ကျေးရွာတွေက လူငယ်
တွေကို ငပလီ အခြေစိုက်တဲ့ ခမရ (၅၅) နဲ့ (၅၆၆) တပ်ရင်းတွေ ကို သွားတာဖြစ်ပါတယ်။
\”လင်းသာကျေးရွာ ဥက္ကဌ လည်း ပါသွားတယ်၊ တခြား လူငယ်တွေလည်းပါသွားတယ်၊
မနေ့ညက သူတို့ ဝင်လာပြီး စာရင်းနဲ့ ခေါ်သွားတာ၊ ဘယ်သူ ဘယ်အချိန် ပါမလဲ
စိတ်ပူနေကြရဲ့အခြေအနေ ပဲ ၊ တပ်ထဲမှာ ဝတ်စုံ အပြည့်နဲ့ စစ်သင်တန်းပေးလည်းပေးနေတယ်\”
လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
သံတွဲမြို့နယ် ငပလီကမ်းခြေဒေသဟာ စစ်ကောင်စီ အထိုင် တပ် နှစ်ခု ရှိပြီး စစ်တပ်
လေယာဉ်ကွင်း နဲ့ အသေးစားလေ့ကျင့်ရေး နေရာတွေလည်းရှိပါတယ်။
ဒေသခံ ပိုင်ဆိုင်တဲ့ မြေနေရာအများစုကိုလည်း စစ်တပ်က သိမ်းယူထားပြီး စစ်တပ်
အပေါင်းအပါနဲ့ ခရိုနီ တွေ က လုပ်ငန်းကြီးတွေကို ပိုင်ဆိုင်ထားပါတယ်။

Shine Bu Chay

Related Posts

One thought on “ငပလီကမ်းခြေ ဟိုတယ်ဇုံထဲက လူငယ်တွေ ကို စစ်သားစုဆောင်းနေ

Leave a Reply

Your email address will not be published. Required fields are marked *