ရခိုင်ပြည်နယ် တောင်ကုတ် သံတွဲ ကားလမ်းပေါ်က နားပင်းမ နဲ့ ဟုန်းပေါက်ရွာ ကြားကို
စစ်ကောင်စီက ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်က လေယာဥ်နဲ့ ဗုံးကျဲနေကြောင်း သိရပါတယ်။
\”နပင်းမ နဲ့ ဟုန်းပေါက် ကြားကို ဗုံးကျဲနေတာ၊ ချီချောင်း နားကိုလည်း ကျဲတယ်၊ ကျမတို့
လယ်တွေထဲလည်း ကျတယ်။ အပျက်အစီးတော့ မသိရသေးဘူး။ ခုထိ ကျဲနေတုန်း\” လို့
ဒေသခံတစ်ဦးက ဆိုပါတယ်။
နားပင်းမကျေးရွာ ၊ ဟုန်းပေါက်ကျေးရွာ ၊ ခမောင်းတုန်း ကျေးရွာတွေကို ဗုံးကျဲတိုက်ခိုက်နေပြီး
ဒီကျေးရွာတွေ မှာ စစ်ပွဲ ဖြစ်ပွားတာမျိုး မရှိပဲ တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်က လည်း အမ်း တောင်ကုတ် ကားလမ်းပိုင်းကို ဖြတ်တောက်
ဖျက်ဆီးခဲ့ပါသေးတယ်။
အဆိုပါ ဗုံးကျဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုကို အတည်ပြုနိုင်ရန်
ကြိုးစားနေပြီး နောက်ဆက်တွဲ အနေနဲ့ ထပ်မံ တင်ဆက်ပေးပါ့မယ်။