တရုတ်စီမံကိန်းတွေ တည်ရှိတဲ့ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ဟာ စစ်ရေး အရ ပိတ်ဆို့ခံထားရတဲ့
မြို့တစ်ခု ဖြစ်နေပြီး ဒီအခြေအနေကို မြို့စောင့် တပ်တွေက အခွင့်အရေးယူ
အမြတ်ထုတ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ကျောက်ဖြူမြို့ဟာ ဒေသတွင်းထွက်ကုန် မရှိသလောက်နည်းပြီး
အခြေခံစားသောက်ကုန်တွေအတွက် ပြည်မနဲ့ ကုန်သွယ်ရေး ကို အားထားနေရတာ
ဖြစ်တဲ့အတွက် ဒေသတွင်းမှာ စားရေးရိကာ ရှားပါးမှုနဲ့ လည်း ရင်ဆိုင်နေရပြီ လို့ဆိုပါတယ်။
“ ဆန်စျေး ဆီစျေးတွေက ကြီးတဲ့ အဆင့်မဟုတ်တော့ဘူး ပြတ်တောက်လာတဲ့ အဆင့်ဖြစ်နေပြီ
ဖြစ်ပါတယ်။ သူခိုးသူဝှက်တွေ လည်း အရမ်းများလာ
ကြတယ်။ “ လို့ ပြောပါတယ်။
ကျောက်ဖြူ မြို့ခံအများစုဟု ရန်ကုန် မြို့ကို ရွေ့ပြောင်းနေထိုင်ကြတဲ့အတွက်
တချို့နေအိမ်တွေကို ပိတ်ထား ခဲ့ ရပြီး ဖောက်ထွင်းခံရတာတွေလည်း ဆက်တိုက် ဖြစ်နေတာ
ဖြစ်ပါတယ်။
“ခိုးတဲ့သူတွေက ထွေလာဂျီနဲ့ လာတိုက်ယူနေကြပြီ မြို့ပေါ်က ရဲတွေ က လည်း လွှတ်ထားတယ်
မဖမ်းဘူး ပိတ်ခံထားရတဲ့ အခြေအနေမှာ ဓာတ်ဆီ ဖြည့်ဖို့က အစ ရဲ ကို ငွေပေးရတယ် ။
ကျောက်ဖြူ မြို့က ငွေတွေကို ရဲနဲ့ စစ်သားတွေက သဲ့ယူနေကြတာ” လို့ အမည်မဖော်လိုတဲ့
ကျောက်ဖြူဒေသခံ တစ်ဦးက ပြောပါတယ်။
ကုန်သွယ်ရေး ကို မှောင်ခိုလမ်းကြောင်းတွေက သယ်ယူပို့ဆောင်နေရပြီး ဒါကလည်း စစ်ကောင်စီ
လက်ပါးစေ အာဏာပိုင်တွေ ဖန်တီးထားတဲ့ လုပ်စား
ဂွင်တွေ သာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးအရ ဆေးရုံဆေးခန်းပြတာ ၊ ကုန်စိမ်းရောင်းဝယ်တာ ၊ အလုပ်ဆင်းတာ
စတဲ့ ပုံမှန် လူထု လှုပ်ရှားဆောင်ရွက်မှု အားလုံးကို အကြောင်းပြ ငွေညှစ်နေတာ
ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကျောက်ဖြူမြို့ဟာ တရုတ်ရဲ့ ကြီးမားတဲ့ ရင်းနှီးမြုပ်နံမှု စီမံကိန်းတွေ ရှိနေပြီး ရခိုင့်တပ်တော်
AA ဘက်ကရော စစ်ကောင်စီဘက်က ပါ ထိခိုက်ပျက်စီးမှု မရှိအောင်တိုက်ပွဲ တွေ မဖော်ဆောင်ပဲ
ရှိနေဆဲ ဖြစ်ပါတယ်။
စီမံကိန်းတွေ ကြောင့် တိုက်ပွဲ ဖြစ်ပွါးခြင်း မရှိပေမယ့်
နှစ်ဖက် ပိတ်ဆို့မှု ဒဏ်ကို ဒေသခံပြည်သူတွေက ခံနေကြရတာ ဖြစ်ပါတယ်။
အထူးသဖြင့် ကျောက်ဖြူ မြို့ကို လတ်တလော ထိမ်းချုပ်ထားဆဲ ဖြစ်တဲ့ စစ်ကောင်စီ
မြို့စောင့်တပ်တွေ ရဲ့ အကျင့်ပျက်ချစားနေမှု လာဘ်ယူမှု တွေ ကို နေရာ
အနှံ့မှာ ဒေသခံတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။