ရခိုင်ရိုးမနဲ့ မကွေးတိုင်း (အမ်း-ပဒါန်း) လမ်းပိုင်းကို ယာယီပိတ်လိုက်တဲ့ အကြောင်း
ရခိုင့်တပ်တော် AA က ဧပြီ ၂ ရက်နေ့မှာ အရေးပေါ်ထုတ်ပြန်ချက် အနေ နဲ့
အသိပေးထုတ်ပြန်လာပါတယ်။
ဒီလမ်းပိုင်းပေါ်မှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တဲ့
အတွက် ဒီလမ်းပိုင်းကို အရေးပေါ် အကန့်အသတ်မရှိ ပိတ်လိုက် တယ် လို့
ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ထုတ်ပြန်ချက်ရဲ့ အဆိုအရ ရခိုင်ရိုးမနဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ဒီလမ်းပိုင်းတွေမှာ
စစ်ကောင်စီဟာ အင်အားတိုးချဲ့တာတွေ၊ တပ်ပြောင်းရွေ့တာတွေ ၊ ရိက္ခာနဲ့
စစ်လက်နက်ပစ္စည်းတွေကို အရပ်သားတွေ ရဲ့ ကားတွေနဲ့ သယ်ဆောင်တာတွေကို လုပ်နေ ပြီး ၊
လမ်းဘေးဝဲယာတွေမှာ စွန့်လွှတ်မှိုင်းတွေ ထောင်ထား တဲ့ အတွက် ဒီလမ်းပိုင်းကို အသုံးမပြုဖို့
ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက် အရ ရခိုင်ရိုးမနဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ဒီလမ်းပိုင်းတစ်လျှောက် ဟာ
ရခိုင့်တပ်တော် AA ရဲ့ နိုဗာ စစ်ဒေသ အဖြစ် လှုပ်ရှားနယ်မြေ ဖြစ်လာပြီး ဒီဒေသမှာ တိုက်ပွဲတွေ
ပြင်းထန်လာနိုင်တဲ့ အခြေအနေ လည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း က ဒီလမ်းပိုင်းပေါ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် တို့ကြား
တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေ အထိ တိုက်ပွဲတွေ
ဖြစ်ပွားနေတာဖြစ်ပါတယ်။