စစ်ကောင်စီ အုပ်စုဟာ ဧပြီလ ၁ ရက်နေ့က နေ ၃ ရက်နေ့ အထိ သုံးရက် အတွင်း
ရခိုင်ပြည်နယ်က မြို့တွေကို လေကြောင်းက တိုက်ခိုက်တာတွေ ၊ အရပ်သားကျေးရွာတွေ ကို
မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တဲ့ အတွက် အရပ်သား ခြောက် ဦးထက်မနည်းသေဆုံးပြီး လူနေ
အိမ် အမြောက်အများ မီးလောင်ပျက်စီးခဲ့ပါတယ်။
ကမ်းထောင်းကြီးမြို့ (ဧပြီလ ၂ ရက်)
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ထဲက ကမ်းထောင်းကြီးမြို့ကို ဧပြီလ ၂ ရက်က
စစ်ကောင်စီတပ်တွေ ဟာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အရပ်သား
သုံးဦးသေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကိုစည်သူဖြိုးအောင်၊ ဦးထွန်းကြည် ၊ ဦးမြင့် ရွှေ တို့ သုံးဦး သေဆုံးခဲ့ပြီး
နောက်ထပ် အရပ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးခဲ့သူတွေ ရဲ့ နေအိမ်တွေကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ကမ်းထောင့်ကြီးမြို့မှာ
လက်နက်ထိမှန်မှုကြောင့် နေအိမ်တချို့ မီးလောင်ခဲ့ပါတယ်။
ရွာမ (ရခိုင်ရွာ) (ဧပြီ ၁ ရက် )
ဘူးသီးတာင်မြို့နယ် က ရွာမ ကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့တွေက ညအချိန်မှာ ကျေးရွာထဲကို
ဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် အဲ့ဒီကျေးရွာ
တစ်ခုလုံးမီးလောင်ပျက်စီးခဲ့ပါတယ်။
ကျေးရွာတွင်း နေထိုင်သူတွေ ဟာ ကြောက်ရွံ့ထိတ်လန့်ပြီး နီးစပ်ရာ စစ်ရှောင် စခန်းတွေမှာ
ခိုလှုံနေရတယ်လို့ သိရ ပါတယ်။
မင်းပြားမြို့နယ် မြစ်နားကျေးရွာ (ဧပြီ ၃ ရက်)
မင်းပြားမြို့နယ် မြစ်နားကျေးရွာကို ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး အရပ်သား သုံးဦး
သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ် တစ်ဦးအပါ အဝင် အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာ
ရရှိခဲ့ပါတယ်။
ဂျက်ဖိုက်ဖြင့်တိုက်ခိုက်ခံရချိန်မှာ လူနေရပ်ကွက် နေအိမ်တွင်းမှာနေထိုင် တဲ့ ဒေါ်ကြည်အေး ၊
သမီးဖြစ်သူ မသိန်းဦးစိုး နဲ့ မသန်းသန်းဆွေ တို့မှာ နေအိမ်မှာ ပင် သေဆုံးခဲ့ပါတယ်။
မြေပုံမြို့နယ် ကံပြိုင်ကျွန်း ( ဧပြီ ၃ )
မြေပုံမြို့နယ် ငရုပ်တောင်နဲ့ သရက်တောင်ကြား ကျေးရွာကြားက ကံပိုင်ကျွန်းကို စစ်ကောင်စီ
ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး အရပ်သား ခြောက်ဦး ဒဏ်ရာ ရ ရှိခဲ့ပါတယ်။